Main menu

ခဝဲသီးအကြောင်းသိကောင်းစရာ

Powered by Drupal
Fri, 09/19/2025 - 09:52 -- consumer_admin

    ခဝဲသီးကို မြန်မာနိုင်ငံအတွင်းရှိ ဒေသခံပြည်သူများသည် မိုးရာသီး၌ ရာသီပေါ် သီးနှံမျိုးစုံ  စိုက်ပျိုးကြခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်ရာ ယခုလိုမိုးရာသီ၌ စားဖိုးချောင်းသီးနှံဖြစ်သည့်ခဝဲသီးများဈေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် မိသားစုဝင်ငွေတိုးကာအဆင်ပြေကြောင်း သိရှိရပါသည်။ ထိုသို့ ခဝဲသီးများ စနစ်တကျစိုက်ပျိုးရာ၌ ခဝဲသီးမျိုးစေ့များကို အစေ့ချ စိုက်ပျိုးကြပြီး ဇူလိုင်လ မိုးများသော ရက်တွေမှာ စတင်စိုက်ပျိုးကြပြီး စိုက်ပြီးရက်၅၀အတွင်း ဖွံထွားသော ခဝဲသီးအတောင့်များ ရစေရန်အတွက် သဘာဝမြေဩဇာများ ဖြစ်ကြသော နွားချေး ၊ကြက်ချေး၊ တီစူပါစသည့် မြေဩဇာများကို အပွင့်လှိုင်လှိုင်ပွင့်ချိန်၌ ကျွေးပေးရကြောင်း အသီးများပိုးမကျစေရန် ပိုးသက်ဆေး ဖြန်းပေးရပြီး ပျားပိုးကောင်လေးများရန်မှ ကာကွယ်ရန် ပျားဈေးများလည်း ဖြန်းပေးရကြောင်း ခဝဲသီးစိုက်ပျိုးကြသူများပြောကြားပါသည်။ ခဝဲသီးကိုတစ်ပတ်လျှင် တစ်ကြိမ် ခူးရပါသည်။ ယခုအချိန်တွင် ခဝဲသီး တစ်တောင့်ကို  ၅၀၀/ ၇၀၀ ပေးရပြီးတောင်သူများအနေဖြင့် စီးပွားရေးဝင်ငွေတိုးပါသည်။ ခဝဲသီးသည် မီးဖိုချောင်းသုံး သီးနှံတစ်မျိုးဖြစ်ကာ ကျန်းမားရေးနှင့်ညီညွတ်ပြီး အဟာရဖွံ့ဖြိုးစေသဖြင့် လူတိုင်းကြိုက်နှစ်သက်သည့် သီးနှံဖြစ်ကာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူများလည်းရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)