Main menu

ကားရောင်းဝယ်ရေးကုမ္ပဏီ၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူ တစ်ဦးသည် ကားရောင်းဝယ်ရေးကုမ္ပဏီတစ်ခုထံမှ ဝယ်ယူထားသော Wuling EV Car အား တရုတ် Version မှ Global  Version သို့ ပြောင်းပေးရန် တောင်းဆိုရာတွင် (၇)လကြာသည်အထိ ဆောင် ရွက်ပေးမှု မရှိသောကြောင့်  စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ စာဖြင့်တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက ကား ရောင်းဝယ်ရေးကုမ္ပဏီသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်းတို့ ကုမ္ပဏီမှ တင်သွင်းသော Wuling Baojun Cloud လျှပ်စစ်သုံးယာဉ်များ၏ English Global Version အား CNY 187,500 ဖြင့် ကုမ္ပဏီတစ်ခုထံတွင် အထူးအော်ဒါမှာယူ၍ Software ရေးဆွဲခဲ့ပါကြောင်း၊ ယခုအခါ ယင်း Software လက်ဝယ်ရောက်ရှိပြီဖြစ်ပါသဖြင့် ကုမ္ပဏီမှ တရားဝင်ရောင်းချထားသော ကားများကို Software Update Free ပေးနေပြီဖြစ်ပါကြောင်း၊ Wuling Baojun Cloud လျှပ်စစ် သုံးယာဉ် သုံးစွဲသူမိဘပြည်သူများအားလုံးအတွက် Software Update Free သွင်းပေးနေပြီ ဖြစ်ကြောင်းကို Wuling- Innogen Myanmar Facebook page စာမျက်နှာတွင်လည်း အသိပေး နှိုးဆော်ကြေညာထားပြီးဖြစ်ပါကြောင်းနှင့် ကုမ္ပဏီမှရောင်းချထားသော ကားများအတွက် English Version Software Update ပြုလုပ်ပေးသည့်အခြေအနေအားသိရှိနိုင်ရန် ဓာတ်ပုံနှင့်တကွအကြောင်း ပြန်ကြားလာသောကြောင့် တိုင်ကြားသူအနေဖြင့် ကုမ္ပဏီနှင့်ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက် သွားနိုင်ရန် အကြောင်းပြန်ကြားပေးခဲ့ပြီး တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေး ဥပဒေအရ စေ့စပ် ညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။