
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် အမြန်ချောလုပ်ငန်း တစ်ခုဖြင့် ထားဝယ်မြို့မှ နေပြည်တော်မြို့သို့ ကမ်းဇော်ဆီပို့ဆောင်ရာတွင် ပစ္စည်းကွဲရှ ပျက်စီးခဲ့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက အမြန် ချောပို့လုပ်ငန်း၏ ထားဝယ်တာဝန်ခံအား တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ရာ ထားဝယ်မြို့ရှိ အမြန်ချောပို့လုပ်ငန်းမှ ကမ်းဇော်ဆီအပ်နှံမှုကို လက်ခံဆောင်ရွက်ရာတွင် ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း၊ နေပြည်တော်သို့ ရောက်ရှိချိန်၌ ကွဲရှပျက်စီးခဲ့သဖြင့် ၎င်းတို့ဘက်မှ အားနည်းမှု ဖြစ်သွားရသည့်အတွက် ပျက်စီးသွားသောပစ္စည်း၏တန်ဖိုး လျော်ကြေးငွေကျပ် ၂၀၀,၀၀၀/-ကို ပေးအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည့်အတွက် တိုင်ကြားသူအားခေါ်ယူ၍ တွေ့ဆုံညှိနှိုင်း ပေးခဲ့ရာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီး အမြန်ချောပို့လုပ်ငန်းက ပျက်စီးသွားသောပစ္စည်း တန်ဖိုးငွေကျပ် ၂၀၀,၀၀၀/-အား တိုင်ကြားသူထံ ပေးအပ်ခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းဖြေရှင်း၍ နစ်နာဆုံးရှုံးမှုနှင့်အညီ ငွေပြန်လည်ပေးစေခြင်းဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။