
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သနပ္ပင်မြို့နယ် အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ တိုင်ကြားခံရသည့် ပဲသွေး (အမဲသွေး) အလုပ်ရုံသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ အမဲသွေး(ပဲသွေး)များ ထုတ်လုပ်နေ ကြောင်းတွေ့ရှိရသဖြင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက နမူနာယူ၍ အဆိုပါ အလုပ်ရုံအတွင်း၌ Testkit ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ အမဲသွေး(ပဲသွေး)ထဲတွင် စားသုံးရန်မသင့် သော ဖော်မလင်ဓာတုဆေးများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဖော်မလင်ဓာတု ဆေး များပါဝင်သော အမဲသွေး(ပဲသွေး) ပိဿာချိန် ၄၅၅ ပိဿာခန့်အား စစ်ဆေးသည့်အဖွဲ့မှ သိမ်းဆည်း ဖျက်ဆီးခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက နောက်နောင် အမဲသွေး(ပဲသွေး)များ ထုတ်လုပ်ရောင်းချခြင်းမပြုရန် ခံဝန်ကတိပြု လက်မှတ်ရေးထိုးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူများကလည်း ပဲသွေးထုတ်လုပ်သည့် လုပ်ငန်းရှင်များအား နောက်နောင် အမဲသွေး (ပဲသွေး)များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေ ကြောင်း ထပ်မံစစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ပါကြောင်း သတိပေး အကြောင်းကြားစာပေးပို့ခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။