Main menu

“ရာသီစာမျှစ်များ ရောင်းအားတွက်လျက်ရှိ”

Powered by Drupal
Mon, 09/15/2025 - 11:42 -- consumer_admin

     (၂၀-၈-၂၀၂၅)ရက်နေ့တွင် လားရှိုးမြို့၊ရပ်ကွက်(၉)ရှိ ဘူတာဈေးအတွင်း၌ သီးနှံများစုံ‌ ရောင်းချလျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်သည့် မျှစ်များအများအပြား ရောင်းချလျက်ရှိကြောင်း သိရပါ သည်။ မျှစ်များကို မျှစ်ရေစိမ်အဖြစ်လည်းကောင်း၊မျှစ်ပြုတ်အဖြစ်လည်းကောင်း မျှစ်ကိုအခြောက်ခံ၍ မျှစ်ခြောက်အဖြစ်လည်းကောင်း အမျိုးမျိုးပြုလုပ်ပြီး ရောင်းချကြောင်း သိရှိရပါသည်။

    ပေါ်ခါစတွင် မျှစ်(၁)ပိဿာလျှင်(၆၀၀၀ မှ၇၀၀၀)ကျပ်အထိရှိခဲ့ရာမှ လက်ရှိဈေးကွက်အတွင်း ၍မျှ စ်(၁)ပိဿာလျှင်(၃၀၀၀မှ ၄၀၀၀)ကျပ်အထိဈေးရှိကြောင်းသိရပါသည်။ပေါ်ခါစမျှစ်များ ဈေးကောင်းရချိန်၌  ရောင်းအားကောင်းသော်လည်း လက်ရှိမျှစ်ဈေးကျဆင်းသည့်အချိန်၌လည်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရပါသည်။

           မျှစ်ကို ကလေး/လူကြီးမရွေးကြိုက်နှစ်သက်ကြသဖြင့် အိမ်တိုင်းလိုလို မျှစ်ပေါ်ချိန်တွင် ဝယ်ယူသုံးစွဲကြသည့်အပြင် မျှစ်များကို စဉ့်အိုးများ ဗူးများ ၊ ဝါးခြေထောက်များဖြင့် မျှစ်ချဉ်သိပ်၍ နှစ်ပေါက်စာဝယ်ယူကြသောကြောင့် မျှစ်များမှ ဈေးကွက်အတွင်းရောင်းအားတွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)