ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့နယ်တွင် ရာသီပေါ်နာနတ်သီးများစတင်ပေါ် ထွက်နေ ပြီဖြစ် ကြောင်းသိရှိရသည်။ နာနတ်သီးကိုများသောအားဖြင့် အစိတ်ကလေးများအဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း၊ယိုအဖြစ်ပြုလုပ်၍လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြသည်။ ဒိုမီနို၊ကျောက်ကျော၊ဂျယ်လီ၊ သကြားလုံး၊ပီကေ စသည်တို့အပြင် ကြာရှည်အထားခံရန် အရည်ညှစ်၍ သစ်သီးခြောက်ပြုလုပ်၍ လည်းကောင်းစားသုံးကြသည်။ ထို့အပြင် ထမင်းကြောင်၊အသုပ်၊နာနတ်သီး ဆော့အဖြစ်သာမက ဟင်းလျာများတွင်လည်း အရသာထူးကဲစေရန်အတွက်လည်း နာနတ်သီးကို အမျိုးမျိုးထည့်သွင်းပြုလုပ်စားသုံးကြသည်။
နာနတ်သီးသည် ရင်ကိုအေးမြစေပြီး ကိုလတ်စထရောပါဝင်မှုနည်းပါးသောကြောင့် လူသား တို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့စုဝေးရာ အရင်းအမြစ် လည်းဖြစ်ပါသည်။နာနတ်သီးသည့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းဖော ဝမ်းရောင် ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာနှင့် လေပူထိုးခြင်းတို့ကိုသက်သာစေနိုင်ပါသည်။ နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့၍ ကလေးများကိုကျွေးပါက သန်ကောင်တွေကျစေပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးနှင့်အနီးရှိမြို့/ရွာအချို့တွင် နာနတ်သီးကို စီးပွားဖြစ်သော် လည်းကောင်း၊ တစ်နိုင်တစ်ပိုင် စားသုံးရန်အတွက်လည်းကောင်း စိုက်ပျိုးကြသည်။ နာနတ်သီး ဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ (၁၀၀၀)ကျပ်မှ(၂၅၀၀-၃၀၀၀)ကျပ်အထိရှိပြီး ကုန်းသာရွာ၊ဆောင်ကြဲရွာနှင့်စဉ့်အင်ရွာမှထွက်ရှိသော နာနတ်သီးများမှာနာမည်ကြီးပြီး စားသုံး၍ ပိုကောင်းကြောင်းလည်း သိရှိရပါသည်။
DOCA(ရှမ်း)