Main menu

သစ်ကြံပိုးပင်၏ အသုံးဝင်ပုံနှင့် ဆေးဖက်ဝင်ပုံများ

Powered by Drupal
Sun, 09/14/2025 - 14:09 -- consumer_admin

     သစ်ကြံပိုးပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး ၎င်း၏အခေါက် (သို့) လေခြောက်ခံထားသော အရွက်များကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်နှင့် ဆေးဖက်ဝင် ပစ္စည်းအဖြစ် အသုံးပြုကြကြောင်း၊  ထင်ရှားသော အသုံးဝင်ပုံများမှာ ကိတ်မုန့်၊ ကွတ်ကီး၊ ပေါင်မုန့်နှင့် နို့ထွက်ပစ္စည်းများတွင် ရနံ့မွှေးပြီး စားကောင်းစေရန်အတွက်လည်းကောင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဟော့ခိုလိတ်နှင့် သစ်သီးဖျော်ရည်များတွင် အရသာဖြည့်တင်း ရန်အတွက်လည်း ကောင်း၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် မြန်မာဟင်းလျာများ(ဥပမာ-မုန့်ဟင်းခါး၊ ကြာဇံ ဟင်း)တွင် ဟင်းခတ်အမွေးအကြိုင်အဖြစ် လည်းကောင်းထည့်သွင်းအသုံးပြုကြောင်း သိရှိရသည်။

             ဆီးချိုရောဂါရှိသူများတွင် ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေး၍ သွေးချိုကို လျော့ကျစေနိုင် ကြောင်း လေ့လာချက်များက ဖော်ပြထားပါသည်။ ပိုလီဖီနောကြွယ်ဝပြီး သစ်ဂျပိုးခေါက်ကိုစား သုံးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းနှင့် ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်ကြောင်း၊ သဘာဝဘက် တီးရီးယားနှင့် မှိုသတ်ဆေးအစွမ်းများလည်း ရှိကြောင်း၊ ကိုလက်စထရောကို လျော့ချပေး၍ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း၊  လေနာ၊ ဗိုက်အောင့်ခြင်းများကို သက်သာစေပြီး အစာကြေလွယ်စေကြောင်း၊ အခြားအသုံးဝင်ပုံများအနေဖြင့် အိမ်သုတ်ဆေး သစ်ကြံပိုးဆီ (Cinnamon Oil) ကို ခြင်နှိမ်နင်းဆေး၊ လေသန့်စင်ဆေးနှင့် အရေပြားထိန်းသိမ်းပစ္စည်းများတွင် ထည့်သုံးပါပြီးအလှကုန်ပစ္စည်း ဝက်ခြံသက်သာဆေး၊ ဆံသားအားဆေးများတွင် လည်းအသုံး ပြုကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။ မြင်းခြံမြို့ (၄၅)လမ်းရှိ  မြန်မာဆေးများ ရောင်းချနေသောဆိုင်၌ သစ်ဂျပိုးခေါက် ၂၅ ကျပ်သားလျှင် (၃၀၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်း ချကြောင်းသိရှိရသည်။

DOCA(မန္တလေး)