သင်္ဘောပင်သည် မြန်မာနိုင်ငံ နေရာအနှံအပြားတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး စိုက်ပျိုးရာတွင်လွယ်ကူသလို မျိုးစေ့များကို ပျိုးထောင်၍လည်းစိုက်ပျိုးကြောင်း အလေ့ကျလည်း ပေါက်ရောက်သော အပင်ဖြစ်ကြောင်း၊ သင်္ဘောပင်တွင် သင်္ဘောအဖိုပင်နှင့် အမပင်နှစ်မျိုးရှိ ကြောင်း၊ အဖိုပင်သည် ပန်းပွင့်များပွင့်ပြီး၊ အမပင်သည် အသီးများသီးကြောင်း၊ သင်္ဘောအဖိုပင်သည် ဆေးဖက်ဝင်အစွမ်းထက်သော အပင်ဖြစ်ကြောင်း၊ အဖိုပင်၏ အမြစ်ကို သကြားနှင့် ရောပြုတ်ပြီးစားရင် အသည်းရောဂါသက်သာပျောက်ကင်းကြောင်း၊ အဖိုပင်၏ အရွက်ကို ကြိတ်ခြေ ပြီး ၎င်းသတ္ထုရည်ကို အကြမ်းပန်းကန်လုံးနှင့် မနက်တစ်ခွက်ညတစ်ခွက်သောက်ပါက အစာအိမ်ရောဂါ တစ်ပါတ်အတွင်း သက်သာကြောင်း၊ သင်္ဘောရွက်လတ်လတ်ဆတ်ဆတ်ကို သန့်စင်အောင်ရေဆေး ပြီးပြုတ်ခြင်း၊ မီးမြှိုက်ပြီးလည်း ငပိချက်နှင့်တို့စားပါက အစာအိမ်အားကောင်းကြောင်း၊ သန့်စင်ပြီးသော သင်္ဘောအဖိုရွက်ကို ထုထောင်းကြိတ်ခြေထားသော သတ္ထုရည်အား အကြမ်းပန်းကန် လုံးဖြင့် နေ့စဉ်တစ်ခွက်မှ နှစ်ခွက်အများဆုံးသောက်ပါက သားအိမ်အလုံးအကြိတ်တည်ခြင်းနှင့် သားအိမ်ကင်ဆာ ရောဂါသက်သာပျောက်ကင်းကြောင်း စာပေများမှဖတ်ရှု့သိရှိရသည်။ မြင်းခြံမြို့ အတွင်းရှိ လေးအိမ်တန်းအုပ်စုနှင့် ပတ္တာကျေးရွာများတွင် မိမိတို့ခြံဝန်းများ၌ သင်္ဘောပင်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြောင်း၊ ထွက်ရှိသောသင်္ဘောသီးများကို အေးမြသီတာဈေး သို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာပထမပတ်တွင် သင်္ဘောအဖိုပန်းပွင့် ၂၅သားလျှင် (၁၀၀၀) ကျပ်၊ သင်္ဘောသီး အကြီးတစ်လုံးလျှင်(၃၀၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၁၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်းသိရှိရသည်။
DOCA(မန္တလေး)