Main menu

မြင်းခြံမြို့၏သစ်သီးဆိုင်များမှရာသီပေါ်တည်သီးအကြောင်း

Powered by Drupal
Sun, 09/14/2025 - 13:42 -- consumer_admin

      စားလိုက်ရင် ချိုချိုကြွပ်ကြွပ် လေးလေးပင်ပင်အရသာရှိသော တည်သီးများကို လူကြိုက်များ သောကြောင့် စားသုံးမှုများပြားပြီး ဈေးကွက်တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိကြောင်း၊  မြင်းခြံမြို့ အတွင်းရှိသစ်သီးမျိုးစုံ ရောင်းချသောဆိုင်များတွင် တည်သီးသစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်နောက်ဆုံးပတ်တွင် တည်သီး ၅၀ သားလျှင် (၄၀၀၀) ကျပ်၊ တည်သီး တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ပေါက် ဈေးများ ဖြင့်ရောင်းချကြောင်း၊ လူကြိုက်များ၍ အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ် (၁၀-၁၅) ပိဿာခန့်ရောင်းချရကြောင်း၊  သစ်သီးရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ တည်သီးပေါ် ချိန်သည် ဇူလိုင်လမှ ဒီဇင်ဘာလအထိ အသီးသီးသောရာသီစာ  သီးနှံပင်ဖြစ်ကြောင်း၊ ဈေးကွက် တွင် အောက်တိုဘာလ၌ အသီးများလှိုင်လှိုင်ပေါမည်ဖြစ်ကြောင်း၊ တည်သီးသည်ရင့်မှည့် လာပါက အပေါ်ယံအရေပြားအခွံသည် ပျော့အိလာကြောင်း၊ မရင့်မှည့်ခင် တည်သီး၏အရောင်မှာ ခပ်ဖျော့ ဖျော့ အရောင်ရှိပြီး အပေါ်ယံအရေခွံများသည် မာတင်း၍နေကြောင်း၊ အသီးမမှည့်ခင် စားပါက  ဖန်သောအရသာရှိကြောင်း၊ အသီးမှည့်သောအခါ ဖန်သည့်အရသာ လုံး၀ပျောက်သွားပြီး အသားများ သည် အနှစ်ခဲပုံသဏ္ဍာန် ဖြစ်ကာ အင်မတန်မှ ချို၍နူးညံ့ကာ အရသာမှာ အလွန်ကောင်းပြီး တည်သီးရင့်မှည့်လာသော အချိန်တွင်အရောင်ရင့်သွားပြီး အခွံမှာပျော့အိလာကြောင်း၊ ထိုအပေါ် ယံအခွံကို ခွာပြီးစားသုံးရကြောင်း၊ အသီးရင့်မှည့်လေချိုလေဖြစ်ကြောင်း အချိုပွဲများတွင်တည်သီးကို သွားရည်စာအဖြစ် တည်ခင်းဧည့်ခံ စားသုံးကြကြောင်း လေ့လာသိရှိရသည်။

DOCA(မန္တလေး)