Main menu

ဂေါ်ရခါးသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Sat, 09/13/2025 - 10:08 -- consumer_admin

    အရသာရှိပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဂေါ်ရခါးသီးကို စားပေးခြင်းသည် ကျန်းမာရေးအကျိုး ကျေးဇူးများစွာ ရရှိနိုင်ပါသည်။ အသီးပါမက အရွက်ကိုလည်း စားသုံးနိုင်ပါသည်။ကယ်လိုရီနည်းတဲ့ သစ်သီးဖြစ်ပြီး  အဆီပါဝင်သလို အမျှင်ဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါသည်။ ဗီတာမင် C အများအပြားပါဝင်တဲ့အတွက် အအေးမိဖျားနာခြင်းကနေ ကာကွယ်ပေးပြီး ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေပါသည်။

    ဗီတာမင် B ကြွယ်ဝစွာပါဝင်လို့ စိတ်ခံစားချက်ကိုကောင်းမွန်စေပြီး စိတ်ကိုတက်ကြွစေပါ သည်။ ဗီတာမင် K ကြွယ်ဝစွာပါဝင်လို့ သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှု ကို ကောင်းမွန် စေပါသည့်အတွက် နှလုံးရောဂါကာကွယ်ပေးပါသည်။ Antioxidant တွေကြွယ်ဝစွာ ပါဝင်လို့  DNA   ထိခိုက်မှုကို ကာကွယ်ပေးပြီး ပြုပြင်ပေးနိုင်သလို ကင်ဆာရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးပြီး အစာချေစနစ်ကို ကောင်းမွန်းစေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)