အာတာလွတ်ဥသည် အပူပိုင်းဒေသမှ အများဆုံးထွက်ရှိသော အရွက်ရှည်မျောမျောနှင့်အရွက် ၏အကြောလုံးမှာကြီး၍ နနွင်းပင်နှင့် ခပ်ဆင်ဆင်တူပါသော သစ်ဥသစ်ဖုအပင်တစ်မျိုးဖြစ်ပါသည်။ တောင်ပေါ် ဒေသအအေးပိုင်းတွင်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးထွက်ရှိပါသည်။ အာတာလွတ်ပင် သည် ဩဂုတ်လနှင့် စက်တင်ဘာလလောက်တွင် အပွင့်များပွင့်ချိန်ဖြစ်၍ နိုဝင်ဘာလ၊ ဒီဇင်ဘာလ များတွင်ဥတူးရချိန်ဖြစ်ပါသည်။ အာတာလွတ်ဥတွင်အဟာရဓာတ်များစွာကြွယ်ဝစွာပါဝင်ပြီး အာတာ လွတ်ဥကိုပြုတ်၍ဆီဆားသုပ်စားကြသလိုအလွတ်လဲကိုက်စားကြ၊တဖန်ထောင်းပီးပြန်ကြော်တာမျိုးအမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။ အာတာလွတ်သည် ဗီတာမင်ဓာတ်များ၊ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေဖျက်မှုစနစ်အားကောင်းခြင်း၊ အစာအိမ်နာခြင်း၊ အူလမ်ကြောင်းရှင်းခြင်း တို့ကြောင့် အစာအိမ်ရောဂါဖြစ်နိုင်ခြေကိုလည်း ကာကွယ်ပေးပါသည်။ ပရိုတင်းဓာတ်များပါဝင်တာ ကြောင့်၊ အရိုးကိုလည်းသန်မာစေပါသည်။ သွေးတွင်းသကြားဓာတ်ကိုထိန်းထားပေးပါသည်။ သံဓာတ် များလည်းပါဝင်သောကြောင့် သွေးလည်ပတ်မှုကိုအားကောင်းခြင်း၊ ကျောက်ကပ်ထဲမှာရှိတဲ့ အစာ အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးခြင်း၊ ၎င်းအပြင် ပင်ပန်းနွမ်းနယ်မှုနှင့် နှလုံးရောဂါဖြစ်နိုင် ခြေကိုလည်း ကာကွယ်ပေးပါတယ်။ ဖောလစ်အက်ဆစ်၊ သံဓာတ်များစွာပါဝင်၍ ကိုယ်ဝန်ဆောင် မိခင်များစားသုံးပေးခြင်းကြောင့် ရင်သွေးငယ်များကျန်းမာဖွံ့ဖြိုးစွာမွေးဖွားနိုင်ပါသည်။အာတာလွတ် ဥသည် ကျန်းမာရေးအတွက် သင့်တော်သော ဆေးစွမ်းတလက်ဖြစ်သော်လည်း ကိုယ်လက်ကိုက်ခဲ ၊ ထုံနာကျဉ်နာနှင့် ဂေါက်ရောဂါအခံရှိသူများအနေဖြင့် စားသုံးရန်မသင့်တော်ကြောင်းဆေးပညာအရ မှီငြမ်းလေ့လာသိရှိရပါတယ်။
DOCA(ကယား)