Main menu

သရက်ကင်းတစ်တက်၏ အကျိုးကျေးဇူးများ

Powered by Drupal
Fri, 09/12/2025 - 12:43 -- consumer_admin

       မြန်မာပြည်မှာသဘာဝအလျာက်ပေါက်သော အပင်တမျိုးဖြစ်ပြီးစီးပွားဖြစ်စိုက်ပျိုးကြသလို အိုးထဲတွင်လည်း စိုက်ပျိုး၍ကြပါသည်။  သရက်သီးအနံ့နှင့်တူတာကြောင့် သရက်ကင်းပင်ဟုခေါ် ကြသည်။ သရက်ကင်းပင်သည် နနွင်းပင် ၊ တောက်တာဖူးပင်နှင့် ခပ်ဆင်ဆင်တူ၍ ပင်လုံး၊ ပင်စည် အရွက်မှာတော့ မတူပါဘူး။ အမြင့် ၁ ပေ ၂ ပေခန့်မြင့်ပြီး နနွင်းပင် ၊ တောက်တာဖူးပင်ထက်ကြီးပြီး ဥမှာသေးပါတယ်။ ချင်းတက်လို အတက်အခက်ပုံစံတူပေမဲ့ဥအရောင်မှာတော့အဖြူရောင်သမ်းပြီး အနည်းငယ်ဝါပါတယ်။ အေး၊ ဖန်၊ ခါး၊ စပ်အနည်းငယ် အရသာရှိပြီး ငပိရည်ကျိုဖြင့် အတို့အမြှုပ် လုပ်စား၍သော်လည်းကောင်း၊ ထောင်းပြီးငပိနှင့်ကြော်စား၍သော်လည်းကောင်း၊ ၎င်းအပြင် အချဉ် ရည်ဟင်းချက်ရာတွင်လည်း  အနည်းငယ်လှီးထည့်၍ ချက်ပြုတ်စားကြပါသည်။  ကျန်းမာရေး အတွက်လည်းအလွန်အသုံးဝင်ပါသည်။  ဝမ်းမီးတောက်ခြင်း၊ ထုံနာ ကျင်နာရောဂါ ၊ပန်းနာ၊ ရင်ကျပ်၊ လေးဘက်နာ၊ ဆီးရောဂါ၊ ကျောက်ကပ်၊ သွေးမသန့်အဖုအပိတ်ယားနားတို့ကိုလည်း ပျောက်ကင်း စေပါတယ်။ ထိခိုက်ဒဏ်ရာရရှိပါက ဒဏ်ရာပေါ်ကို ဥအတက်ထောင်း၍အုံပေးရင်သက်သာစေပါ ကြောင်း၊ အရိုးအက်၊ အဆစ်လွဲ၊ အရိုးကျိုးစသည့် အရိုးအဆစ်များထိခိုက်ခြင်းများဖြစ်ပါက ဒဏ်ရာ ကိုကြပ်စည်းပေးခြင်း၊ စားသုံးပေးခြင်းဖြင့်လည်းသက်သာပျောက်ကင်းစေပါသည်။ သရက် ကင်းဥ ကို သကြားသင့်ရုံနှင့် ပြုတ်သောက်ပါက သွေးဝမ်းရောဂါ၊ ထုံကျင်ကိုက်ခဲတဲ့ရောဂါ၊ ကိုယ်လက်ကိုက် ခဲတောင့်တင်းခြင်း၊ ဆီးကြောတင်းခြင်း၊  အစားပျက်ခြင်း၊ လေအောင့်ခြင်း၊ နှလုံးမငြိမ်သက်ခြင်း တို့ကို သက်သာစေပါတယ်။ ထို့ကြောင့် သရက်ကင်းစားသုံးခြင်းဖြင့် လူသားတို့အတွက်ရောဂါဘာ ယ ကင်းဝေးစေတဲ့ ဆေးတစ်ဖုံဖြစ် စားသုံးသင့်ပါကြောင်း အကြုံပြုလိုပါသည်။

DOCA(ကယား)