Main menu

မုန်လာဥနီနှင့်ကျန်းမာရေးကောင်းကျိုးများ

Powered by Drupal
Fri, 09/12/2025 - 12:08 -- consumer_admin

      မုန်လာဥနီသည် ကျန်းမာရေးကို ကောင်းကျိုးများစွာပေးသည့် ဟင်းသီးဟင်းရွက် အမျိုးအစား တစ်မျိုးဖြစ်ပါသည်။မုန်လာဥနီကို ခါကြက်ဥဟုလည်း ခေါ်ကြပါသည်။ သုတေသနများအရ မုန်လာဥနီကို  မကြာခဏစားသုံးပါက သွေးတွင်းမကောင်းသည့် အဆီဓာတ် (ကိုလက်စ ထရော)ကို လျော့နည်းလာစေနိုင်ပါသည်။မုန်လာဥနီတွင် ကဗိုဟိုက်ဒရိတ်၊ ဆယ်လူလိုစ့်၊ ဗီတာ မင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ် များ ကြွယ်ဝစွာပါဝင်ပါသည်။ မုန်လာဥနီသည် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။ထို့ပြင်မုန်လာဥနီသည် အမြင်အာရုံ ကြည်လင်စေရန်အတွက်လည်း များစွာအထောက်အကူဖြစ်စေပါသည်။ ကွန်ပျူတာနှင့်အလုပ်လုပ် နေရသည့် သူများအနေဖြင့် မုန်လာဥနီများများစားပေးသင့်ပါသည်။ မုန်လာဥနီတွင် ပါဝင်သော သကြားဓာတ်သည် အခြားဟင်းသီးဟင်းရွက်များတွင်ပါဝင်သော သကြားဓာတ်ထက် အနည်းငယ် ပိုသဖြင့် အလွန်အကျွံစားသုံးမိပါက ဆီးချိုရောဂါဖြစ်စေနိုင်ပါသည်။မုန်လာဥနီကို ပလပ်စတစ်အိတ် ထဲထည့်ကာ လေလုံအောင်ချည်ပြီး ရေခဲသေတ္တာအအေးဆုံးနေရာတွင် သိမ်းဆည်းထားပါက နှစ်ပတ်ခန့်အထားခံပါသည်။မုန်လာဥနီကို အစိမ်းလိုက်ဖြစ်စေ၊ ခေါက်ဆွဲ-ကြာဇံတို့နှင့် ရော၍ကြော် စားခြင်းဖြစ်စေ၊ ဖျော်ရည်လုပ်သောက်ခြင်းဖြစ်စေ မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် စားသုံးလို့ ရပါသည်။ လွိုင်ကော်မြို့တွင် မုန်လာဥနီကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး အများအားဖြင့် ကလော၊ အောင်ပန်း၊ ဟိုပုံးမြို့များမှ မှာယူရောင်းချကြပါသည်။ မုန်လာဥနီတစ်ပိဿာလျှင် (၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်း ကုန်စိမ်းရောင်းချ နေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)