ပင်မှည့်သီး(ခေါ်)ဖျော်ရည်သီးအပင်သည်အလေ့ကျပေါက်သည့်နွယ်ပင်တစ်မျိုးဖြစ်သည်။ပင်မှည့်သီးတွင် ဗီတာမင်C၊သံဓာတ်၊အမျှင်ဓာတ်၊ရေဓာတ်တို့ ပါဝင်သည်။ ပင်မှည့်သီးကိုငရုတ်သီးမှုန့်၊ ငံပြာရည်တို့နှင့်သုပ်ပြီးစား၍သော်လည်းကောင်း၊နို့ဆီ၊သကြားနှင့်ဖျော်၍ဖျော်ရည်အဖြစ်သော်လည်းကောင်း၊ရေခဲထုပ်အဖြစ်သော်လည်းကောင်း ပြုလုပ်စားသုံးကြပါသည်။ ပင်မှည့်သီး၏အရသာသည် ချိုချိုချဉ်ချဉ်မွှေးမွှေးလေးဖြစ်သောကြောင့် ခံတွင်းရှင်းကာအမောပြေစေပြီး ကျန်းမာရေးအတွက်များ စွာ အထောက်အကူပြုပါသည်။ ပင်မှည့်သီးသည်ဗီတာမင်စီကြွယ်ဝသည့်အတွက် ခန္ဓာကိုယ်ခုခံ အား ကိုအားကောင်းစေခြင်း၊လူကိုလန်းဆန်းစေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အဆိပ်တောက်ဖယ် ရှားပေးခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးခြင်း၊အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းမွန်ခြင်း၊ စိတ်ဖိစီးမှုများမှပြေပျောက် စေခြင်း၊ ပန်းနာရင်ကြပ်ရောဂါအတွက်သက်သာစေခြင်း၊ ကင်ဆာရောဂါများမှကာကွယ်နိုင်ခြင်း၊ သံ ဓာတ်ကြွယ်ဝခြင်း၊အိပ်ပျော်စေခြင်းစသည့်ကောင်းကျိုးများစွာရှိသောကြောင့်စားသုံးသင့်သော အသီး တစ်မျိုး ဖြစ်ပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် ပင်မှည့်သီး(၁)လုံးလျှင် (၂၀၀)ကျပ်ခန့် ရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါ သည်။
DOCA(ကယား)