Main menu

သခွားသီး၏အကျိုးကျေးဇူးများ

Powered by Drupal
Wed, 09/10/2025 - 15:46 -- consumer_admin

     သခွားသီးသည်မြန်မာလူမျိုးများ နှစ်သက်သဘောကျသည့်အသီးတစ်မျိုးဖြစ်ပါသည်။ မြန်မာ လူမျိုးများ၏ ထမင်းဝိုင်းများတွင် အတို့အမြှုပ်၊ ဟင်းချို၊ အသုပ် စသည့်ဟင်းအမည်အနေဖြင့် ပါဝင်တတ်သည့် အစားအစာတစ်မျိုးဖြစ်ပါသည်။သခွားသီးတွင် ကစီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေနှင့်မဂ္ဂနီစီယမ် ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါသည်။ ကယ်လိုရီဓာတ်နှင့်အဆီဓာတ် အလွန်နည်းပါးသောကြောင့် ဝိတ်ချချင်သူများအတွက်လည်း အလွန် အသုံးဝင်ပါသည်။သခွားသီးသည် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေသောကြောင့် ဆီးချိုရော ဂါရှိသူများအတွက်လည်း စားသုံးရန်သင့်လျော်ပါသည်။သခွားသီးတွင် ရေဓာတ်ပမာဏ ၉၆ ရာခိုင် နှုန်းပါဝင်သောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း၊ အသားအရေမွဲခြောက်ခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်သည့်အပြင် ကုန်ဆုံးသွားသည့် ရေဓာတ်ကို ပြန်လည်အစားထိုးဖြည့်တင်းပေး နိုင်သဖြင့် အလှအပရေးရာအတွက်လည်း အသုံးပြုနိုင်ပါသည်။ ထိုသို့အဖက်ဖက်မှ အသုံးဝင်လှ သည့်သခွားသီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ဒေသတစ်ချို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုရှိ ပါသည်။ သခွားသီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင်(၅၀၀) ကျပ်မှ (၆၀၀)ကျပ် အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း ကုန်စိမ်းရောင်း ချနေသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)