
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့၊ ကမ်းနားလမ်းရှိ ထုတ်ပိုးသိုလှောင်ရုံ (၈၀’ x ၆၀’ x ၁၆’ ) သွပ်၊ သွပ်၊ ကွန်အား အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ၃နှစ်သက်တမ်း ၁နှစ် တစ်ကြိမ် စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ်ပါသည်။
အဆိုပါ သိုလှောင်ရုံအား ၂၅-၈-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလွှာ လျှောက်လွှာ ဝယ်ယူရမည်ဖြစ်ပါသည်။ အဆိုပြုလွှာနှင့်အတူ မိမိဌာနမှ ငွေစာရင်းဖွင့်လှစ်ထားသည့် မြန်မာစီးပွားရေးဘဏ်တွင် စပေါ်ငွေ ပေးသွင်းထားသော P.O Cheque ပူးတွဲတင်ပြရပါမည်။ တင်ဒါ ယှဉ်ပြိုင်ရမည့်နေ့ကို ထပ်မံ အကြောင်းကြားပါမည်။ စိတ်ဝင်စားသူများသည် သတ်မှတ်ရက်အတွင်း အဆိုပြုလွှာလျှောက်လွှာ ဝယ်ယူနိုင်ပြီး ၎င်းရက်ထက်ကျော်လွန်ပါက လျှောက်လွှာရောင်းချမည်မဟုတ်ကြောင်း ကြေငြာအပ်ပါသည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၄၂-၂၀၂၄၅၂၀ နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ုသိမ်မြို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် ၎င်း အိတ်ဖွင့်ကြေငြာစာကို မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လူအများမြင်သာသော ကြေငြာဆိုင်ဘုတ်များတွင် ၂၀-၈-၂၀၂၅ ရက်နေ့က လိုက်လံကြေငြာစာ ကပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)