
ဥသျှစ်သီးတွင် ဆေးဖတ်ဝင်စေသည့်အာနိသင့်များစွာ ပါဝင်သည့်အသီးဖြစ်သလို အခွံမာသီး တစ်မျိူး ဖြစ်ပါသည်။ဥသျှစ်သီးကို ထန်းလျက်နဲ့ ဖျော်သောက်လျှင် ချိုသောအရသာနှင့် မွှေးသောအနံရှိသောကြောင့် သောက်၍အလွန်ကောင်းပါသည်။ တစ်ချို့က ဥသျှစ်သီးကို သကြားနှင့် ထည့်၍စားကြပါသည်။
ဥသျှစ်သီးစားပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများ ကိုလည်းရရှိပါသည်။ ကျန်းမာရေး ကောင်းကျိုးများမှာ နှလုံးကိုကျန်းမာစေခြင်း ၊ လေဖြတ်ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ခြင်း၊ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်ခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ အူတွင်းအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်ခြင်း ၊ ကိုယ်တွင်း ရောင်ရမ်းမှုကို သက်သာစေခြင်း ၊ ကိုယ်တွင်း အပူငြိမ်း စေခြင်း ၊ ဘက်တီးရီးယားတွေကို တိုက်ဖျက် ပေးနိုင်ခြင်း၊ အရေပြားမှ အဖုအပိမ့်ထွက်ခြင်းကို သက်သာစေနိုင် ခြင်း၊ နို့တိုက်မိခင်အတွက် နို့ထွက် ကောင်းစေခြင်း၊ လိပ်ခေါင်းဝေဒနာကို သက်သာစေနိုင်ခြင်း ၊ပန်းနာရင်ကျပ် ရောဂါကိုသက်သာစေခြင်း၊ ကူးစက်ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း ၊ နားကိုက်ခြင်းဝေဒနာကို သက်သာစေခြင်း ၊ ဗီတာမင်စီ ချို့တဲ့မှုကို ကာကွယ်ပေးခြင်း၊ အမျိုးသမီးများအတွက် ရင်သားကင်ဆာအပြင် အခြားကင်ဆာ အမျိုးမျိုး တို့ကိုလည်း ကာကွယ်ပေးခြင်းတို့ကို ဥသျှစ်သီးကပေးစွမ်းနိုင်ပါသည်။
ကျွန်ုပ်တို့ကျန်းမာရေးအတွက် အစားလည်းဆေး၊ ဆေးလည်းအစာဖြစ်စေတဲ့ သဘာဝက ပေးသော ဥသျှစ်သီးကိုစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်ကောင်းမွန်စေပြီး ကိုယ်ခန္ဓာကျန်းမာရေး အတွက်လည်း အထောက်ကူပြုစေပါသည်။
DOCA(ပဲခူး)