
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဘူတာလမ်းရှိ ညနေခင်း ဘူတာဈေးတွင် ရာသီပေါ် မန်ကျည်းသီးစိမ်းများ စတင်ရောင်းချနေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ မန်းကျည်းသီးစိမ်းများကို ငါးပိထောင်းရာတွင်လည်းကောင်း၊ ငါးပိကြော်ရာတွင်လည်းကောင်း၊ မန်းကျည်းသီးစိမ်းထောင်းအား ကြက်သွန်နီဖြင့် သုပ်စားရာတွင်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးခြင်းဖြင့် ထမင်းစားမြိန် စေသည့်အပြင် လိုအပ်သော ဗီတာမင်စီကိုလည်း ရရှိစေနိုင်သောကြောင့် အိမ်ရှင်မများအတွက် ကျန်းမာရေးအထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။
(DOCA)ဧရာဝတီ