
မြေပဲသီးနှံသည် ရေမြေဒေသရာသီဥတု ကွဲပြားခြားနားသော အခြေအနေအမျိုးမျိုးမှာ ဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ သို့သော် ရာသီအလိုက်သော်လည်းကောင်း၊ ဒေသ အလိုက်သော်လည်းကောင်း တစ်ဧကအထွက်နှုန်းမှာတော့ ကွာခြားသည်။ မည်သည့်ဒေသ ရေမြေ အခြေအနေမှာဖြစ်စေ စိုက်ပျိုးကုန်ကျစရိတ်ထက် အထွက်နှုန်းနှင့်ဝင်ငွေကသာလွန်မှသာ စိုက်ပျိုး ထုတ်လုပ်မှု အောင်မြင်သည်ဟု ဆိုရမည်။
မျိုးရွေးချယ်ခြင်း
အထွက်ကောင်းမျိုးများဖြစ်သော ဆင်းပဒေသာ ၅၊ ၆၊ ၇၊ ၉၊ ၁၀ မကွေး ၁၁၊ ၁၅ မျိုးများနှင့် ပင်ပြန့် ကျောင်းကုန်းမျိုးကို သုံးစွဲပါ။ အပင်ပေါက် ၈၀% အထက်ရှိသော မျိုးစေ့ကိုစိုက်ပါ။ မစိုက်မီ ၁ ပတ် အလိုတွင် အစေ့ထုတ်၍ ကြီးလွန်းသော၊ သေးလွန်းသော မျိုးများကို ဖယ်ထုတ်ပစ်ပါ။ မျိုးစေ့ကို မစိုက်မီ ဝိစာရ မျိုးစေ့လူးနယ်ဆေး ဖြင့် လူးနယ်စိုက်ပျိုးပါ။
မြေအမျိုးအစား
နုံးမြေနှင့် သဲနုံးမြေတို့သည် မြေပဲစိုက်ရန် အသင့်တော်ဆုံး မြေအမျိုးအစားများဖြစ်သည်။ ရေထုတ်ရန်လွယ်ကူပြီး ရေစိမ့်စီးဆင်းမှုကောင်းမွန်သော မြေဖြစ်သင့်သည်။ မြေချဉ်ငန်ကိန်း (၅-၅.၅)ရှိသောမြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။
မြေပြုပြင်ခြင်း
စိုက်ခင်းကို ထယ်ရေးနက်နက်နှင့် ထွန်းရေးညက်အောင် မြေပြုပြင်ပါ။ မိုးရာသီလယ်မြေ များတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။
စိုက်ပျိုးချိန်
မိုးမြေပဲကို ဇွန်လအတွင်းစိုက်ပျိုးနိုင်ပြီး ဆောင်းမြေပဲကို စက်တင်ဘာလမှ နိုဝင်ဘာလ အတွင်းနှင့် စကမြေပဲကို သြဂုတ်လ (၁၅) ရက်အတွင်းစိုက်ပျိုးပေးရပါမည်။
စိုက်နည်းစနစ်
ပင်ထောင်မြေပဲအတွက် တန်းကြား ၁၅ လက်မ × ပင်ကြား ၄ လက်မ နှင့် ပင်ပြန့်မြေပဲ အတွက် တန်းကြား ၁၈ လက်မ × ပင်ကြား ၄ လက်မ ထား၍စိုက်ပျိုးရပါမည်။ ပင်ထောင ်မြေပဲကို ပင်စည်မမှထွက်သည့် ကိုင်း (၄)ကိုင်း အနည်းဆုံး ရရှိစေရန်နှင့် တစ်ဧက အပင်ဦးရေ (၁) သိန်း ဝင်အောင် စိုက်ပျိုးနိုင်ပါကအထွက်နှုန်းတိုးမည်ဖြစ်ပါသည်။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အသုံးပြုခြင်း
မြေပြင်ချိန်တွင် နွားချေးလှည်း (၅-၁၀) စီး ချပေးပါ။ မြေခံအဖြစ်တစ်ဧကလျှင် အာသီသ မြေခံ ကွန်ပေါင်း မြေဩဇာ(၂၅-၅၀) ကီလို နှင့်မော်နီတာ ဂျစ်ပ်ဆမ် (၂၅) ကီလိုနှစ်အိတ်နှုန်း ထည့်သွင်းပေးပါ။ မြေပဲသီးနှံသည်ကယ်လ်စီယမ်ဓာတ်အထူးလိုအပ်သောသီးနှံဖြစ်ပါသည်။ စိုက်ပြီး (၂၅-၃၀) ရက်သားခန့် တွင် မော်နီတာ ဂျစ်ပ်ဆမ် (၂၅)ကီလို နှုန်းထည့်သွင်းပေးသင့်ပါသည်။ သို့မှသာအစေ့အဆံပြည့်ဝပြီး အထွက်ရော အရည်အသွေးပါ ကောင်းမွန်ပါမည်။
ပေါင်းသတ်ဆေးအသုံးပြုခြင်း
မြေပဲသီးနှံအတွက် “ယာရှင်း” ပေါင်းအုပ်ဆေးဖြင့် ပေါင်းအမျိူးမျိုး ပေါက်မလာစေရန် ကာကွယ်တားဆီးပေးနိုင်ပါသည်။မြေပဲခင်းအတွင်းရှိ ပေါင်းများကို ရှင်းရှင်း၁၀ အက်စ်အယ်လ်၊ ပီဇာ ၁၀ အီးစီ ပေါင်းသတ် ဆေးများကို အသုံးပြု၍ နှိမ်နှင်းနိုင်ပါသည်။
ပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းခြင်း
မြေပဲသီးနှံတွင် ပျ၊ ဖြုတ်၊ ယင်ဖြူ၊ သရစ်လှေးပိုးများကျရောက်တတ်ပြီး “ကေလာ၊ အေမီဒါ” ဆေးများကို အသုံးပြုနိုင်ပါသည်။ မြေပဲရွက်လိပ် ရွက်ကပ်ပိုးအတွက် “ရယ်ဒီ၊ မင်းရဲ၊ သူရိယ” ဆေးများမှ တစ်မျိုးမျိုး ကို ရွေးချယ်သုံးစွဲပေးပြီး ငမြှောင်တောင်ပိုးကျရောက်ပါက “အီမာလန်ဒါ၊ ရယ်ဒီ၊နိုက်ဝမ်း”ဆေးများမှ ရွေးချယ်သုံးစွဲရပါမည်။ မြေပဲရောဂါများအတွက် ခါးရိရောဂါကာကွယ ်နိုင်ရန် “ထီး ၊ ဘာလီဆိုဒ်” ဆေးများဖြင့်ကြိုတင်ကာကွယ်နိုင်ပြီး မြေပဲရွက်ပြောက်နှင့် သံချေးရောဂါ များ ကို “ကာဗာ၊ ဇိုလာ၊ ဒိုင်ဇီ၊ ဟက်ဇာဂွန်” ဆေးများမှ ရွေးချယ် သုံးစွဲပေးရပါမည်။
ရိတ်သိမ်းခြင်း
မြေပဲညှိုး၍ အရွက်များ ဝါလာချိန်၊ အတောင့်၏ ၇၀% ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်တွင် အစိုဓာတ်ရှိ၍ ၃-၄ ရက်ခန့် နေလှန်းပြီးအခြောက်ခံပေးရပါမည်။ ထို့နောက် လေလုံပုံးများတွင် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားသင့်ပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)