Main menu

ရွှေနွယ်ရိုး

Powered by Drupal
Sat, 09/06/2025 - 19:36 -- consumer_admin

    ရွှေရောင်အဆင်းရှိသော ရွှေနွယ်ရိုးပင်ကလေးများသည် ကျေးလက်တောရပ်ဒေသ အလေ့ကျပေါက် ဇီးချဉ်သီးများပေါ်တွင်သာ ရှင်သန်ဖြစ်ထွန်းလေ့ရှိသည်။ ချောင်းဘေး၊ မြောင်းဘေးမှာရှိသော သစ်ပင်ချုံနွယ်များပေါ်တွင်လည်း တစ်ခါတစ်ရံ တွယ်တက်ပေါက်ရောက် ရှင်သန်တတ်ပါသည်။  ဟိုးငယ်ငယ်ကဆိုလျှင် ရွှေနွယ်ရိုးအပင်အနွယ်များကို ဆေးဖက်ဝင် အပင်အဖြစ် လူသိနည်းခဲ့ပါသည်။ ယခုအခါ တိုင်းရင်းဆေးနည်းပညာများ တိုးတက်လာသည် နှင့်အမျှ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်လာခြင်း ဖြစ်မည်ထင်ပါသည်။ ရွှေနွယ်ရိုးသည် သည်းခြေနှင့်ပတ်သက်သော ရောဂါများကိုနိုင်သည်။ ရေဖျဉ်းရောဂါ၊ ဆီးချို၊ သွေးချိုနှင့် ကင်ဆာရောဂါများကိုပျောက်ကင်းနိုင်သည်ဟုဆို၏။ ရွှေနွယ်ရိုးကို ပြုတ်၍ သောက်ခြင်း၊ ဝမ်းဗိုက်ကို လိမ်းပေးခြင်းဖြင့် အသည်းရောင်ခြင်း၊ အသည်းကြီးခြင်း၊ အသည်းမာကြောခြင်းကို ပျောက်ကင်းနိုင်သည်။ ဝမ်းရောင်၊ ဝမ်းကြောတင်း၊ အစာမကြေ လေချဉ်တက်ခြင်းတို့ကိုလည်း ပျောက်ကင်းနိုင်သည်။ ရွှေနွယ်ရိုးကို ညက်စွာကြိတ်၍ ရေနှင့် မပျစ်မကျဲ ဖျော်၍ လိမ်းပေးကာ ယားနာမျိုးစုံပျောက်၏။ အဖျားကြီး၍ ရေငတ်ခြင်း၊ ကျောက်၊ ဝက်သက်၊ ဝမ်းရောဂါများအတွက်လည်း ရွှေနွယ်ရိုးပြုတ် သောက်ပါက ပျောက်ကင်းနိုင်သည်။ သွေးသားကိုလည်း စင်ကြယ်ပေးနိုင်သည်ဟု ကျန်းမာရေး ဗဟုသုတမှ လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)