Main menu

ကွမ်းရွက်၏ဆေးဖက်ဝင်ပုံ

Powered by Drupal
Sat, 09/06/2025 - 18:44 -- consumer_admin

     ကွမ်းရွက်မှာအငန်ကလွဲ၍ ကျန်အရသာငါးမျိုးပါရှိသော ဆေးဖက်ဝင်တစ်မျိုးဖြစ်သည်။ ကွမ်းရွက်တစ်ရွက်ကို စားပေးခြင်းဖြင့်ရောဂါများကိုပျောက်ကင်းစေနိုင်သည်။ ကွမ်းရွက်၏ကျန်းမာရေး အကျိုးကျေးဇူးများမှာရေတိမ်သမား မျက်လုံးပြန်ကောင်းအောင် ၊မျက်မှန်ကျွတ်အောင် မျက်စိနှင့်နှာတံကြား ကွမ်းရွက်ကပ်ပေးခြင်း၊ နားလေး၊နားထိုင်ခြင်းမဖြစ်အောင် ကွမ်းရွက်ကို နားထဲလိပ်ထည့်ခြင်း၊ ခေါင်းကိုက် ၊ခေါင်းမှုးပါကနားထင်တွင်ကွမ်းရွက်ကပ်ပေးခြင်း၊သွားဖုံးနာ ၊ပါးစပ်ထဲအပူဘု ထွက်ပါကကွမ်းရွက်ကပ် ၊ကွမ်းရွက်ငုံပေးခြင်း ၊နှလုံးသွေးကြောကျဉ်းပိတ်ပါက ရင်ဘတ်နှလုံးနေရာကွမ်းရွက်ကပ်ပေးခြင်း၊အဆုတ်မကောင်းသူများကွမ်းရွက်ကိုရင်ဘတ် ၊ကျော ဘတ်အဆုတ်နေရာနှစ်ဘက်စလုံးကပ်ပေးခြင်း ၊မျက်နှာတင်းတိပ်အတွက်ကွမ်းရွက်ကိုမီးပြ၍ ကပ်ခြင်းချောင်းဆိုး ရေချိုးမှားအဖျားအတွက်ကွမ်းရွက်ထဲလျက်ဆားထည့်၍ဝါးစားပေးခြင်း ၊အမျိုးသမီးများသားအိမ်တဝိုက်ကွမ်းရွက်ကပ်ပေးခြင်း ၊နို့တိုက်မိခင်များနို့ချောင်းပိတ် ၊နို့ကျိတ် ရောင်ပါကနှမ်းဆီ၊အုန်းဆီ၊ မုန့်ညှင်းဆီ တစ်ခုခုဖြင့်သုတ်၍ကွမ်းရွက်ကပ်ခြင်း ၊ကလေးငယ်များ နှာစေး ၊နှာပိတ် ၊အသက်ရှုကျပ်နေပါက နှမ်းဆီ ၊အုန်းဆီ ၊မုန့်ညှင်းဆီ ၊တစ်ခုခုဖြင့်သုတ်၍ ကွမ်းရွက်အလယ်ပေါက်ဖောက်ကာ ငယ်ထိပ်၌ကပ်ပေးခြင်း ၊ကလေးငယ်များချောင်းဆိုးပါက ကွမ်းရွက်စိမ်းသတ္တုရည်တွင် ဆားအနည်းငယ်ထည့်၍တိုက်ကျွေးပေးခြင်း၊လိပ်ခေါင်းဖြစ်သူများ စအို တွင်ကွမ်းရွက်ကိုလုံးချေပြီး ညှပ်ထားပေးပါကသက်သာပျောက်ကင်းစေနိုင်ကြောင်းသိရှိရသည်။ မြင်းခြံမြို့အေးမြသီတာဈေးတွင် ကွမ်းရွက်တစ်ပိဿာလျှင်( ၆၀၀၀ )ကျပ် ဖြင့်အရောင်းအ ဝယ်ဖြစ်ကြောင်းသိရှိရသည်။         

DOCA(မန္တလေး)