
ကြိတ်မှန်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားနှင့် အပူပိုင်းဒေသများတွင် လည်းပေါက် ရောက်ပြီး ဆေးဖက်ဝင်လှသော အပင်တစ်မျိုးဖြစ်ကြောင်း၊ အကိုင်းအခက်၊ အရွက်၊ အပွင့်၊ အသီး၊ အစေ့၊ အခေါက်၊ အမြစ် စသည်ဖြင့် အစိတ်အပိုင်းအားလုံးလိုလိုကို ဆေးဖော်စပ်ရာနှင့် အိမ်တွင်းကုထုံးများတွင် ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြကြောင်း၊ ကြိတ်မှန်ရွက်သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုတို့ကို တိုက်ဖျက်နိုင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ အနာ၊ ဝက်ခြံ၊ ယားနာ၊ နှင်းခူ၊ မှိုစွဲခြင်းများ၊ ရေကျောက်၊ ဝက်သက်စသည့် အရေပြားရောဂါများကို ကုသရာတွင် အရွက်ကိုကြိတ်အုပ်ခြင်း၊ ပြုတ်ရည်ဖြင့်ချိုးခြင်း/ဆေးခြင်း ပြုလုပ်ကြောင်း၊ သွားဖုံးရောဂါ၊ သွား ကိုက်ခြင်းတို့အတွက် ကြိတ်မှန်ရွက်ပြုတ်ရည်ဖြင့် ငုံပေးခြင်းများပြုလုပ်ကြကြောင်း၊ ကြိတ်မှန်ရွက် ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အူထဲရှိ သန်ကောင်များကို ဖယ်ရှားပေးကြောင်း၊ ကြိတ်မှန်ဆီကို အစေ့မှထုတ်ယူရရှိပြီး ယားယံခြင်း၊ နှင်းခူ၊ ဝက်ခြံ၊ မှိုစွဲခြင်း၊ သန်ကောင် ကြောင့်ဖြစ်သော အရေပြား ယားယံခြင်း၊ ဗောက်ထခြင်း စသည်တို့အတွက် ဆီကိုတိုက်ရိုက်လိမ်းခြင်း သို့မဟုတ်လိမ်းဆေး၊ ခေါင်းလျှော်ရည်များတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြု ကြောင်း၊ ဗောက်ပျောက်စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးခြင်း၊ ဦးရေပြားယားယံခြင်းကို သက်သာစေခြင်း၊ ဆံပင်တွင် သန်းရှိပါက ကြိတ်မှန်ဆီကို လိမ်းပေးခြင်းဖြင့် သန်းများကိုသေစေ နိုင်ကြောင်း၊ အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ဝေဒနာခံစားရပါက ကြိတ်မှန်ရွက် ပဥ္စငါးပါးကို နုပ်နုပ်စင်းပြီး မီးဖိုတွင်သုံး ခွက်တစ်ခွက်တင်ကျို၍ ထိုပြုတ်ရည်ကို ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့် ရောသောက်ပါက ရောဂါသက်သာပျောက်ကင်းကြောင်း၊ ဝမ်းအလွန်ချုပ်ပါက ကြိတ်မှန်ရွက်ကို မြေပဲထောင်း၊ ဆီ ချက်တို့ဖြင့် အစိမ်းသုပ်စားပါက ဝမ်းမှန်စေကြောင်းသိရှိရသည်။ ဆေးဖက်ဝင်သောကြိတ်မှန်ရွက်ကို အမျိုးသမီးထုက အများဆုံးဝယ်ယူအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးပတ်တွင် ကြိတ်မှန်ရွက် ၂၅ ကျပ်သားတစ်စီးလျှင် (၅၀၀) ကျပ်ခန့်ပေါက်ဈေးရှိကြောင်း၊ မိုးရာသီကာလ ဖြစ်သောကြောင့် ကြိတ်မှန်ရွက်များ ဈေးကွက်တွင် ပေါများစွာရောင်းချကြောင်း သိရှိရသည်။
DOCA(မန္တလေး)