Main menu

ကမ္ဘာ့ပထမဆုံး စွမ်းအင်နှစ်မျိုးအသုံးပြု ဘက်စုံသုံးယာဉ်ဖြစ်လာတဲ့ 2026 Voyah Dream

Powered by Drupal
Sat, 09/06/2025 - 16:20 -- consumer_admin

     တရုတ်နိုင်ငံမှ မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Voyah ကုမ္ပဏီက ကမ္ဘာ့ပထမဆုံးသော စွမ်းအင်နှစ်မျိုးအသုံးပြု ဘက်စုံသုံးယာဉ်တစ်စီးဖြစ်တဲ့ 2026 Voyah Dream ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီကားက  အမြန်အားသွင်းစနစ်အပြင် နောက်ဘီးထိန်းချုပ် စနစ် တို့လည်း ပါဝင်ကာ နောက်ဆုံးပေါ်နည်းပညာကိုပါ ထည့်သွင်းလာပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ သွားနိုင်တဲ့ ခရီးအကွာအဝေးကလည်း မိုင် ၉၅၀ အထိရှိမယ်လို့ဆိုပါတယ်။ သူ့မှာ ပါတဲ့အထင် ရှားဆုံးသော အရာများအနက်တစ်ခုကတော့ ၈၀၀ ဗို့အားရှိတဲ့ပလက်ဖောင်းပေါ်က ၆၂ ဒသမ ၅ ကီလိုဝပ် နာရီရှိတဲ့ ဘက်ထရီပါပဲ။

    2026 Voyah Dream က  စွမ်းအင်နှစ်မျိုးကို အသုံးပြုထားတယ်လို့ဆိုပေမယ့်plug-in hybrid ကို အသုံးပြုထားတာဖြစ်တဲ့အတွက် အရင်ဆုံးလျှပ်စစ်စွမ်းအင်သုံးမော်တာနဲ့ ၂၁၇ မိုင်အထိ ခရီးသွားမယ်။ ဘက်ထရီအားကုန်သွားတဲ့အခါမှ အင်ဂျင်စွမ်းအင်အသုံးပြုပြီး စုစုပေါင်းမိုင် ၉၅၀ အထိ သွား မှာဖြစ်ပါတယ်။သူ့မှာပါဝင်တဲ့အမြန်အားသွင်းစနစ်ကဘက်ထရီအား ၂၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင် နှုန်းအထိကို ၁၂ မိနစ်နဲ့အားသွင်းစေနိုင်မှာဖြစ်ပါတယ်။ 

Sourc: https://myawady.net.mm/node/74588     

DOCA(ပြည်ထောင်စုနယ်မြေ)