Main menu

ကြိတ်မှန်ရွက်အစွမ်းထက်ပုံအကြောင်း တစေ့တစောင်း

Powered by Drupal
Thu, 09/04/2025 - 12:29 -- consumer_admin

       ကြိတ်မှန်ရွက်သည် သဘာဝအလျောက်ပေါက်ရောက်လေ့ရှိပြီး ရေဝပ်ဒေသများ၊ မြေဩဇာ ကောင်းမွန်သောဒေသများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ ကြိတ်မှန်ရွက်များကို ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အမေရိကန်နှင့် အာဖရိကဒေသများတွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီ တိုင်းတို့တွင် အဓိကစိုက်ပျိုးလေ့ရှိပါသည်။  ကြိတ်မှန်ရွက်သည် အစိမ်းရင့်ရောင်ရွက်ပြားရှိပြီး အရွက်ညှာသည် နီညိုရောင်ရှိပါသည်။ ပန်းရောင်နှင့် အဖြူရောင် အပွင့်သေးများပွင့်၍ ပင်စိမ်းရွက်ကဲ့သို့ စူးရှသော အနံ့ရှိပါသည်။

      ကြိတ်မှန်ရွက်ကို ဟင်းလျာအဖြစ် ကြော်စားခြင်း၊ ချက်စားခြင်း၊ သုတ်စားခြင်း၊ ဟင်းချိုချက်၍ ပုံမှန် စားသုံးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးအားနည်းရောဂါအတွက် လိုအပ်သော သံဓာတ်ကိုလည်း ဖြည့်တင်းပေးပါသည်။ ကြိတ်မှန်ရွက်တွင် ပရိုတင်းဓာတ်၊ ဗီတာမင် A၊ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်သောကြောင့် ကြိတ်မှန်ရွက်ကိုကြိတ်ပြီး ကြက်ဥအကာ သို့မဟုတ် အုန်းဆီနှင့်ရောစပ်ပြီး ဦးရေပြားနှင့်ဆံသားပေါ်၌ လိမ်းပေးလျှင် ဦးရေပြား ဗောက်ထားခြင်းနှင့်ယားယံခြင်းကို သက်သာစေနိုင်ပြီး ဆံသားများနက်မှောင်သန်စွမ်း စေနိုင်ပါ သည်။ အရေပြားရောဂါများအတွက်လည်း ကြိတ်မှန်ရွက်ကို ကြိတ်ပြီးလိမ်းနိုင်၍ ဒဏ်ရာအမာရွတ် များကိုလည်း မှေးမှိန်လျော့ပါးစေနိုင်ပါသည်။

     ကြိတ်မှန်ရွက်များသည် မိုးရာသီနှင့်ဆောင်းဦးကာလများတွင် အလေ့ကျပေါက်ရောက်လေ့ရှိပြီး အိမ်ခြံဝင်းအတွင်း၊ ခြံစည်းရိုးဘေး၊ လယ်ကွင်းများတွင်လည်း ပေါက်ရောက်လေ့ရှိပါသည်။ ကြိတ်မှန်ရွက်သည် အာဟာရ ဓာတ်ကြွယ်ဝပြီး ဆေးဖက်ဝင်သည့်အရွက်ဖြစ်သောကြောင့် အိမ်တိုင်းတွင် စိုက်ပျိုးသင့်ပါသည်။

DOCA(ပဲခူး)