Main menu

နာနတ်သီးကြောင်းသိကောင်းစရာများ

Powered by Drupal
Thu, 09/04/2025 - 10:06 -- consumer_admin

   နာနတ်သီးသည် စားသုံးရန်ကောင်းမွန်သော အသီးဖြစ်သည့်အပြင် အလှအပအတွက် လည်းအကျိုးဖြစ်ထွန်းစေပါသည်။ နာနတ်သီးတွင် ဗီတာမင်ဓာတ်နှင့်သတ္တုဓာတ်များလည်းပါ ဝင်ပါသည်။ နွေရာသီတွင်စားသုံးလျှင်လည်း ရင်အေးပြီး စားကောင်းသောအသီးတစ်ခုဖြစ်ပါ သည်။ ရခိုင်လိုဆိုရင် နာနတ်သီးကို နံတရာသီး လို့ခေါ်ဆိုကြပါသည်။

  နာနတ်သည် မြေမရွေးစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ သဲဆန်ဆန် နုန်းမြေများ SandyLoam ဖြစ်ပြီး မေချဉ်ငန်ဓာတ် PH 5.0.6.5 ရှိလျှင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။နာနတ်သီး သည် မြေနေရာမရွေးသော်လည်း ရေဝပ်သောနေရာများတွင် နာနတ်ပင်ကို စိုက််ပျိုး၍မရနိုင်သော ကြောင့် ရာသီဉတုသာယာပြီး မိုးနည်းသောဒေသများတွင် စိုက်ပျိုးသင့်ပါသည်။

   နာနတ်သီးကို အသီးလိုက်ခွဲစားလို့ရသည့်အပြင် ဖျော်ရည် ၊ အသီးခြောက်များ ၊ ယိုများပြုလုပ် ၍လည်းရောင်းချကြပါသည်။နာနတ်သီးသည် မန္တလေးဈေးကွက်တွင် အရွယ်အစားအလိုက် (၂၅၀၀) ကျပ်မှ (၃၀၀၀) ခန့်ရှိပါသည်။

DOCA(မန္တလေး)