Main menu

“ကြောင်ပန်းစေ့နှင့် ကြောင်ပန်းပင်ရဲ့အသုံးဝင်ပုံ”

Powered by Drupal
Wed, 09/03/2025 - 16:26 -- consumer_admin

   ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သော်လည်း ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက် ရှိပြီး စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုတ်နှင့် ပဲမျိုးစုံသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပြီး ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သော ကြောင်ပန်းပင်များလည်း ပေါက်ရောက်လျက်ရှိပါသည်။ ကြောင်ပန်းပင်သည် အလေ့ကျပေါက် ရောက်သော အပင်တစ်မျိုးဖြစ်ရာ ဈေးကွက်ဝယ်လိုအားရှိလာပြီး ဆေးဖက်ဝင်သောကြောင့် ယခုအခါ တွင် ကြောင်ပန်းပင်များကို မြေလွတ်၊ မြေရိုင်းများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ကြောင်ပန်းပင်ကို ဂျပိုးကိုက် သက်သာစေရန် အိပ်ရာခင်း ဖျာများ အောက်၌ အရွက်များဖြန့်၍ ခင်းအိပ်လျှင် ဂျပိုးကိုက် သက်သာစေကြောင်းသာ သိရှိခဲ့ရပြီး၊ ကြောင်ပန်းပင်၏ ဆေးဖက်ဝင်ပုံကို မသိရှိခဲ့ပေ၊ ကြောင်ပန်းပင်၏ အရွက်၊ အနံ့သည် အလွန်ပျင်း၏ ပန်းပွင့်မှာ ခရမ်းရောင်ဖြစ်ပြီး၊ အသီးရင့်မှည့်ချိန်တွင် အညိုရောင်အဖြစ် ပြောင်းသွားသည်။ ရင့်မှည့်သော အညိုရောင်ကြောင် ပန်းစေ့များကို ခူးယူ၍ နေလှမ်းအခြောက်ခံကာ ပြည်ချိန်များလာပါက ပွဲရုံများသို့ သွားရောက် ရောင်းချကြကြောင်း၊ ကြောင်ပန်းပင်သည် ကဆုန်၊ နယုန်တွင် အပွင့်ပွင့်ပြီး ဝါခေါင်လတွင် စတင်ထွက်ရှိပြီး၊ တော်သလင်းနှင့် သီတင်းကျွတ်တွင် အသီးများဖြိုင်ဖြိုင်ထွက်ရှိကြောင်း၊ တစ်နိုင် တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးပါက (၆)လနှင့် တစ်နှစ်သားကျော်တွင် စတင်ခူးဆွတ် နိုင်ပြီဖြစ်ကြောင်း၊ ကြောင်ပန်းစေ့ဈေးနှုန်းအနေဖြင့် ယခင်နှစ် တစ်ပြည်လျှင် (၈၀၀၀/-)ကျပ်၊ ယခုလက်ရှိပေါက်ဈေး အနေဖြင့် (၁၀၀၀၀-၁၃၀၀၀)ကျပ်ခန့်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် နီးစပ်ရာ မြို့ပေါ်၊ ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ ရောင်းချလျက် ရှိကြောင်း၊ မန္တလေးပွဲရုံများသို့ ကြောင်ပန်းစေ့ကို ဆေးဖော်ရန်အတွက် ဝယ်လက် များက လာရောက် ဝယ်ယူလျက်ရှိကြောင်း၊ ကြောင်ပန်းပင်သည် တစ်ပင်လုံး အသုံးဝင်ပါကြောင်း၊ အရွက်ကို ရေနွေးနှင့်ပြုတ်၍ ရေချိုးပေးလျှင် ဖောရောင်ခြင်း ရောဂါကို ပျောက်ကင်းစေပြီး၊ အပွင့်ကို ပြုတ်၍ တို့စားပါက အိမ်မပျော်သော ရောဂါများကို သက်သာစေပြီး၊ အသီးကိုစားသုံးပေးပါက ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်းကို ပျောက်ကင်းစေကြောင်း အရွက်နုကို ကြော်စားပေးပါက အကြော နှင့်ပတ်သက်သော ရောဂါများ ပျောက်ကင်းစေပြီး၊ အညှော်မိ၊ အဖျားကြီးလျှင် အမြစ်ကိုသွေး၍ တိုက်ခြင်း၊ ရှုခြင်းပြုလုပ်ပါက ပျောက်ကင်းစေနိုင်ကြောင်း ဆေးဖက်ဝင်ပြီး ဈေးကွက်ဝယ်လို အားရှိ သော ကြောင်ပန်းပင်များကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါ ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)