Main menu

ကမ္ဘာပေါ်မှာ အဝေးဆုံးသွားနိုင်တဲ့ EV အတွက် ဘက်ထရီကို ဆမ်ဆောင်းကထုတ်လုပ်ထားခြင်းဖြစ်

Powered by Drupal
Tue, 09/02/2025 - 19:41 -- consumer_admin

      ပြီးခဲ့တဲ့ဇူလိုင်လတုန်းက Lucid Air Grand Touring က ကမ္ဘာပေါ်မှာတစ်ကြိမ်အား သွင်းရုံနဲ့ ခရီးအဝေးဆုံး သွားနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံးကား(EV)အဖြစ်  ဂင်းနစ်မှတ်တမ်းဝင်ထားတာရှိပါတယ်။  အဲဒီအချိန်တုန်းက  သူသွား ခဲ့တဲ့ခရီး အကွာအဝေးဟာ ၁၂၀၅ ကီလိုမီတာရှိပြီး တစ်ကြိမ်အားသွင်းရုံနဲ့ ဆွစ်ဇာလန်ကနေ ဂျာမနီ ကိုရောက်ခဲ့တာပါ။

    ဩဂုတ်လမှာတော့ Lucid Air Grand Touring မှာတပ်ဆင်ထားတဲ့ ဘက်ထရီနဲ့ပတ်သက်ပြီး ထုတ် ပြန်ကြေညာမှုတစ်ခုထွက်လာပါတယ်။ ဘာကြောင့် လဲဆိုရင် အခုလိုမျိုးတစ်ကြိမ် အားသွင်းရုံနဲ့ အဝေးဆုံးခရီးကို သွားနိုင်တယ်ဆိုတာ ကောင်းမွန်လှတဲ့ ဘက်ထရီ စွမ်းရည်ကြောင့်ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့်ပဲ အဲဒီဘက်ထရီကိုထုတ်လုပ် သူက သူတို့အနေနဲ့ Lucid Air Grand Touring အတွက် ဘက်ထရီကို ထုတ်လုပ်ခဲ့တာဖြစ်တယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီဘက်ထရီကို ထုတ်လုပ်ထားသူကတော့ ဆမ်ဆောင်းကုမ္ပဏီပဲ ဖြစ်ပါသည်။

      အဲဒီ Lucid Air Grand Touring ထဲမှာ ဘက်ထရီ အလုံးပေါင်း ၂၁၇၀၀ ပါတဲ့ဘက်ထရီကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့အဆင့်မြင့်နည်းပညာ၊ ထုပ်ပိုးမှုပုံစံနဲ့ အလွန်လျင်မြန်လှတဲ့ အားသွင်းမှုစနစ်တွေကြောင့် ၁၆ မိနစ် အားသွင်းရုံနဲ့ ကီလိုမီတာ ၄၀၀ အထိသွားနိုင်မယ်လို့ ဆမ်ဆောင်းက ထုတ်ပြန်ထားပါတယ်။ ဆမ်ဆောင်းနဲ့ Lucid ကုမ္ပဏီတို့ရဲ့ ပူးပေါင်းမှုကနေတစ်ဆင့် အခုလိုမျိုးစွမ်းဆောင်ရည်မြင့်မားလှတဲ့  ဘက်ထရီထွက်ပေါ်လာတာဖြစ်ပြီး   ဒါဟာ အနာဂတ်အတွက်    တော်တော်လေးကို အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းမှုဖြစ်လာပါသည်။

(DOCA ဧရာဝတီ)