Main menu

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က အသုံးပြုခဲ့ဖွယ်ရှိသည့် မြေငလျင်တိုင်းတာရေး ကိရိယာ တစ်ခုကို ပြန်လည်တည်ဆောက်ရန် တရုတ်ပညာရှင်များကြိုးပမ်း

Powered by Drupal
Tue, 09/02/2025 - 19:39 -- consumer_admin

    တရုတ်သိပ္ပံပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က အသုံးပြုခဲ့ဖွယ်ရှိသည့်   မြေငလျင် တိုင်းတာရေးကိရိယာတစ်ခုကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။

     အဆိုပါ ငလျင်တိုင်းတာရေးကိရိယာကို တရုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကျန်းဟန်က အေဒီ ၁၃၂ ခုနှစ်တွင် တီထွင်ထုတ်လုပ်ခဲ့သည်ဟုယူဆရပြီး အဆိုပါကိရိယာကို ကမ္ဘာ့ပထမဆုံးသော မြေငလျင်တိုင်းတာရေးကိရိယာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့ကြသည်။ အဆိုပါကိရိယာကို ကနဦးက “ဟော့ဖန်တိတုန်းယီ” ဟု အမည်ပေးထားသည်။

    အဆိုပါမြေငလျင်တိုင်းတာရေးကိရိယာတွင်ကြေးဝါဖြင့်ပြုလုပ်ထားသည့် ကရားတစ်လုံး၊ အရပ်ရှစ် မျက်နှာသို့မျက်နှာမူထားသည့် နဂါးရှစ်ကောင်၊ နဂါးတစ်ကောင်စီသည် ၎င်း၏မေးရိုးတွင် ဘောလုံး တစ်လုံးစီကို  ကိုက်ထားပြီး ကရား၏ရှေ့ဘက်တွင် ဖားပြုပ်များထိုင်နေသည့် ကိရိယာတစ်ခုဖြစ်သည်။

    မြေငလျင်လှုပ်ရှားပါကမြေငလျင်ဗဟိုပြုလှုပ်ခတ်ရာသို့ မျက်နှာမူနေသည့် နဂါးက၎င်း၏မေးရိုး အတွင်းမှ ဘောလုံးအား ဖားပြုပ်၏ပါးစပ်အတွင်းသို့ ပစ်ချမည်ဖြစ်သည်။

     တရုတ်အစိုးရသည် အဆိုပါအယူအဆကို ပြဋ္ဌာန်းစာအုပ်များတွင်ထည့်သွင်းပြဋ္ဌာန်းခြင်းမှ ၂၀၁၇ ခုနှစ်တွင် ဖယ်ရှားပစ်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ခန့်ကအသုံးပြုခဲ့ဖွယ်ရှိသည့် ရှေးခေတ်မြေငလျင်တိုင်းတာရေးကိရိယာအား ခေတ်သစ်သိပ္ပံ ပညာနှင့် အင်ဂျင်နီယာပညာရပ်တို့ ဖြင့်ပေါင်းစပ်၍ ပြန်လည်တည်ဆောက်ရန်  တရုတ်သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ ရူကော့တုန်းက ကြိုးပမ်းနေခြင်း ဖြစ်သည်။    

(DOCA ဧရာဝတီ)