Main menu

ဆေးဖက်ဝင်၍ ကျန်းမာရေးအတွက် ဆောင်ထားသင့်သော လောက်သေရွက်

Powered by Drupal
Tue, 09/02/2025 - 18:53 -- consumer_admin

     ကျန်းမာရေးအတွက် ဟင်းသီးဟင်းရွက်များမှ ဆေးတစ်ခွက်အဖြစ် အသုံးဝင်ကြောင်း ကို လူသားတိုင်း သိရှိနိုင်သည်။ လောက်သေရွက်မှ ပေးသော ကောင်းကျိုးများကို  အွန်လိုင်းစာမျက်နှာများတွင်လည်း ရှာဖွေလေ့လာနိုင်သည်။ လောက်သေရွက်အပင်ကို စာဖတ်သူတစ်ချို သိနိုင်ပါသည်။ စိုစွပ်သော ဒေသတွင် သဘာဝအလျောက်ပေါက်သော အပင်တစ်မျိုးဖြစ်သည်။ စိုက်ပျိုးပင်မစုတ်ပဲ တောထဲမှာပေါက်သော အရှိုင်းပေါက်ပင်တစ်မျိုးဖြစ်သည်။  လောက်သေပင်သည် အလျား ၆ လက်မ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာအတောင် ပါသည်။ ရွက်ညှာရင်း နားတွင် ရွက်စွယ် အဖတ်လေးများ ရှိ၏။မြန်မာဆေးကြမ်းများအရ လောက်သေရွက်အပင်သည် လေ၊ သလိပ်၊ သည်းခြေတို့ကို နိုင်ပြီး ဘက်တီးရီးယားပိုးကို သေစေနိုင်သည်ဟု လူအများသိကြသည်။

လောက်သေရွက်ကောင်းကျိုးများ

     လောက်သေရွက်ကို ရေနွေးကြမ်းလိုမျိုး ကျိုပြီးသောက်ပေးရင် ချောင်းဆိုး သက်သာပျောက်ကင်းစေသလို သလိပ်အတွက်လည်းကောင်းမွန်ပါတယ်။ ချောင်းဆိုးတာနဲ့ သလိပ်သာမက နှာစေး တာကိုလည်း သက်သာစေပါတယ်။ အမျိုး သားတို့ဖြစ်တတ်ကြသော ပန်းသေရောဂါတွင်လည်း လောက်သေပင်၏ အစွမ်း အံ့မခန်းပါ၀င်ပြန်သည်။ လက်တွေ့ပန်းသေရောဂါခံစားခဲ့ဖူးသူ မိတ်ဆွေတစ်ဦးက လောက်သေပင်သည်ဆေးအဖြစ်အသုံးပြုသောဟင်းလျာ ဖြစ်ပါကြောင်း ယုံကြည် သူတို့ အတွက် အမှန်ပင်ပန်း သေရောဂါကို ပျောက်ကင်းစေသည် ဟုဆိုပါသည်။

    ဆေးလိပ်သောက်သူများ အဆုပ်အားကောင်းဖို့ လောက်သေရွက်ကို ပြုတ်၍ သံပုရာသီးတစ်ခြမ်းညှစ်၍ တစ်နေ့ သုံးခွက် သောက်သုံးပေးရကြောင်း၊ ထို့အပြင် လောက်သေရွက်ကို လယ်ဗဒူရွက်၊ ငရံ့ဗဒူရွက်တို့ဖြင့် ရောပြီး ပုံမှန် စားသုံးပေးနိုင်ကြောင်း၊ ဆံပင်အားကောင်းစေရန် လောက်သေရွက်ကို အခြောက်လှန်းပြီး အုန်းဆီဖြင့် လိမ်းပါက  ဆံပင်သန်စေနိုင်သည်ဟု သိရသည်။ လက်ဖက်ခြောက်ဖြင့် လောက်သေရွက် အခြောက်များရောစပ် သောက်သုံးပါက ဆီပူ၊ ဆီအောင်ခြင်းများကို သက်သာစေသည်။ အနာစိမ်း ၊ ဝဲစိုတွေအတွက်ဆို အကြမ်းလှော်ပြီးရေနံကြီးစစ်ဖြင့် လူးပါက ပျောက်ကင်းကြောင်း ဆေးကြမ်းမှာ ဖော်ပြထားသည်။

သတိပြုသင့်သော ဆိုးကျိုးများ

    လောက်သေရွက်က ဆေးဖက်ဝင်ပေမယ့် တန်ဆေး လွန်ဘေးပါ။ ဒါကြောင့် အလွန်အကျွံ သုံးစွဲတာမျိုး မလုပ်ပါနဲ့။ အလွန်အကျွန်သုံးပါက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် သတိထားစေ ချင်ပါတယ်။

DOCA(ဧရာဝတီ)