စားသုံးသူရေးရာဦးစီးဌာန သည် ပြည်သူများ နေ့စဉ်စားသုံးသော အသီးအနှံများ ကောင်းကျိုး၊ ဆိုးကျိုး ကျန်းမာရေး အသိပညာမြင့်မားစေရေး ပြည်သူများ၊ လူငယ်များ လေ့လာဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေး လျက်ရှိရာ အများပြည်သူများကို အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာ ဦးစီးဌာန Website မှ စာအုပ်၊ စာတမ်းဆောင်များကို ဝင်ရောက်ဖတ်ရှုနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။
အဆိုပါ Website မှတစ်ဆင့် Online စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်ဖြင့် ဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို လေ့လာနိုင်ရန် လွှင့်တင်ထားခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လစဉ် လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်သော စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်ပမှုများ၊ ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ၊ စားသုံးသူ တိုင်ကြားမှု ဖြေရှင်းရေးအခြေအနေများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ အသိပညာပေး ကဏ္ဍများ၊ ကုန်သွယ်မှု ကဏ္ဍများ၊ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုမှု အခြေအနေများ၊ အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများ၊ အွန်လိုင်း လက်မှတ်ထုတ်ပေးခြင်းနှင့် ပတ်သက်သော မြေပြင်ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများ၊ စစ်ဆေး ရေးအရာရှိမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် အခြေအနေများကို လစဉ် တင်ပြထားခြင်းများ ရှိသည်။
စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုများ တိုင်ကြားလာ၍ ဌာနမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် တိုင်းကြားမှု စားသုံးသူနှင့် လုပ်ငန်းရှင်အကြား ဖြေရှင်ဆောင်ရွက်ပေးသည့် အခြေအနေများကို ဝင်ရောက် လေ့လာနိုင်ရန်တင်ပြထားခြင်း၊ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အိမ်သုံးလျှပ်စစ်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ ကလေူအသုံးအဆောင်နှင့် ကစားစရာ ပစ္စည်းများ၊ စိုက်ပျိုး ရေးလုပ်ငန်းသုံး ဓါတ်မြေဩဇာများ၊ အခြားကုန်ပစ္စည်းများ မသုံးစွဲရန်အတွက် သတိပေး ချက်များကို ဝင်ရောက်လေ့လာနိုင်ရန် တင်ပြထားခြင်း၊ စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတရာ ကြုံတွေ့ပါက DOCA Mobile App ကို ဒေါင်းလော့လုပ်ပြီး အချက်အလက်များဖြည့်သွင်း၍ တိုင်ကြားနိုင်ခြင်း၊ DOCA Mobile Go Now ကိုနှပ်၍ ဝင်ရောက်တိုင်ကြား၍ ရနိုင်သည်။
ပြည်သူများ ကုန်စည် ၊ ဝန်ဆောင်မှု ကိစ္စရပ်နှင့် ပတ်သက်၍ သိရှိလိုပါက အခမဲ့ ဝင်ရောက် လေ့လာနိုင်ပြီး ကလေးငယ်နှင့် လူငယ်များ စာပေလေ့လာနိုင်ရန်အတွက် အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေများနှင့် ထုတ်ပြန်ပြီး နည်းဥပဒေများအား ပြည်သူများလွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေး သီးခြားထားရှိပေးခြင်း၊ စာပေဆောင်ပါးများသည် ပြည်သူများ၏ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နိုင်စေရန်အတွက် ကျန်းမာရေး အကျိုးပြုသော စာတမ်းများဖြစ်သဖြင့် လေ့လာရန် စီစဉ်ဆောင်ရွက်ပေးထားသော Websiteတစ်ခုဖြစ်သည်။
DOCA(ဧရာဝတီ)