ညဆိုင်းဆင်းတဲ့သူတွေ၊ ဒါမှမဟုတ် ပုံမှန်အလုပ်ချိန်အတိုင်း အလုပ်မလုပ်ရ တဲ့သူတွေအများစုဟာ အစားအစာစားသောက်မှုကပုံမှန်မရှိပါဘူး။ များသောအားဖြင့် အချိန်မတော်မှသာ စားဖြစ်ကြတာများ ပါတယ်။ ဒီလိုစားဖြစ်တဲ့အတွက် ကိုယ်အလေးချိန်က မြင့်တက်လာရတာဖြစ်ပါတယ်။
ဒီနေရာမှာ အသည်းကဘယ်အချိန်မှာ အစာစားရမယ်ဆိုတာကို ဦးနှောက်ဆီ အချက်ပြပါတယ်။ ဒါပေမဲ့ ပုံမှန်အလုပ်ချိန် မဟုတ်တဲ့အတွက် အချက်ပြမှုကမှားယွင်း သွားနိုင်ပြီး မှားယွင်းတဲ့ အချိန်မှာအစား အလွန်စားခြင်းကိုဖြစ်ပေါ်စေနိုင်ပါသည်။
ဒါကြောင့် ဒီအခြေအနေကိုပြောင်းလဲ နိုင်စေမယ့်နည်းလမ်းကို ပညာရှင်များက ရှာဖွေခဲ့ရာမှာ ဦးနှောက်နဲ့အသည်းကြား ကချိတ်ဆက်မှုကို ဖြတ်တောက်နိုင်တယ် ဆိုတာတွေ့ရှိခဲ့တာဖြစ်ပါသည်။
ဒီလိုဖြတ်တောက်ဖို့အတွက် သုတေ သနပညာရှင်များက အသည်းရဲ့ကလာပ် စည်းအတွင်းရှိ REV-ERB ဆိုတဲ့ဗီဇကို အဓိကထားလေ့လာခဲ့တာပါ။ အဲဒီဗီဇကို အလုပ်မလုပ်အောင် ပိတ်လိုက်ခြင်းအား ဖြင့် အသည်းနဲ့ဦးနှောက်တို့ကြားချိတ်ဆက်မှုကို ပြတ်တောက်သွားစေတာဖြစ်ပါသည်။
(DOCA ဧရာဝတီ)