Main menu

အီး-စီးကရက်သောက်သူများ ကုမရနိုင်သည့်အဆုတ်ရောဂါခံစားရနိုင်

Powered by Drupal
Tue, 09/02/2025 - 18:37 -- consumer_admin

    အီး-စီးကရက်များကို သုံးနှစ်လောက် သောက်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးမှာ ပေါက်ပေါက်ဆုပ်အဆုတ်လို့ခေါ်ကြတဲ့ ကုမရနိုင်သောအဆုတ်ရောဂါဖြစ်ပွားတာကိုတွေ့ရှိရပါတယ်။ ဒါဟာဆယ်ကျော် သက်များအတွက် အီး-စီးကရက်ရဲ့ဆိုး ကျိုးတစ်ခုအဖြစ်ထွက်ပေါ်လာပါသည်။

    ပေါက်ပေါက်ဆုပ်အဆုတ်ရောဂါဆို တာက ရှားပါးတဲ့အပြင် ပြင်းထန်လှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ထဲမှာရှိတဲ့ လေပြွန်အသေးလေးများကိုထိခိုက်စေ တာဖြစ်ပါသည်။

    အထူးသဖြင့် အီး-စီးကရက်အရည်ထဲ မှာပါဝင်တဲ့ ဒိုင်ယာစီတယ်လိုမျိုးဒြပ်ပေါင်း က အဆိပ်သင့်စေတဲ့အဓိကအရာဖြစ်လာ တာဖြစ်ပါတယ်။ သူကအဆုတ်ကိုရောင် စေပြီးဒဏ်ရာရစေတာဖြစ်ပါသည်။

 

(DOCA ဧရာဝတီ)