Samsung ကုမ္ပဏီက မကြာမီထုတ် လုပ်သွားမယ့် Galaxy S25 Edge ရဲ့ကင်မရာပိုင်းဆိုင်ရာအချက်အလက်များက ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ပင်မကင်မရာ က ထွက်ပေါ်ထားတဲ့ကောလာဟလတွေ အတိုင်းပဲ Galaxy S25 Ultra မှာအသုံးပြု ထားတဲ့ 200MP ရှိမယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြင်ကွင်းကျယ်ပုံရိပ်အတွက်ကင်မရာက 12MP ရှိမယ်လို့ဆိုပါတယ်။
ထွက်ပေါ်လာတဲ့ ကင်မရာပိုင်းဆိုင်ရာ အချက်အလက်တွေအရဆိုရင်တော့ Galaxy S25 Ultra ထက် အနည်းငယ်နိမ့်ကျမှုရှိနေတယ်လို့ယူဆရပါတယ်။ဒါပေမဲ့ ကိုယ်ထည်ပိုင်းမှာ ပါးလွှာမှုကတော့ တော်တော် လေးပါးတယ်လို့ဆိုနိုင်ပါသည်။
နောက်ထပ်ထွက်ပေါ်လာတဲ့ အချက် အလက်တွေအရဆိုရင်လည်း Galaxy S25 Edge ကို မေလ ၁၃ ရက်မှာထုတ်ဖော် ကြေညာပြီး မေလ ၂၃ ရက်မှာ တောင်ကိုရီးယားနဲ့တရုတ်နိုင်ငံတို့မှာ ဖြန့်ချိသွားနိုင်ကာ မေလ ၃၀ ရက်မှာတော့ ကမ္ဘာတစ်ဝန်းဖြန့်ချိမယ်လို့ဆိုပါသည်။
DOCA(ဧရာဝတီ)