Main menu

လေ့ကျင့်ခန်းလုပ်ခြင်းက မှတ်ဉာဏ်လျော့ကျခြင်းကိုကာကွယ်နိုင်

Powered by Drupal
Tue, 09/02/2025 - 18:22 -- consumer_admin

      မစ်ဆိုရီတက္ကသိုလ်မှသုတေသနပညာ ရှင်များက ကျန်းမာရေးနဲ့ပတ်သက်ပြီး အချက်အလက်တစ်ခုကို ရှာဖွေဖော်ထုတ် လိုက်နိုင်ပါတယ်။ အဲဒီအချက်အလက်က တော့ လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက် ရဲ့ကျန်းမာရေးကိုကောင်းစေတယ်ဆိုတာ ပါပဲ။ အထူးသဖြင့် မှတ်ဉာဏ်လျော့နည်း ကျဆင်းမှုကို ကာကွယ်ပေးနိုင်တယ်ဆို တဲ့အချက်ဖြစ်ပါသည်။

      ဦးနှောက်ကိုစွမ်းအင်ပေးနိုင်ဖို့အတွက် လူ့ခန္ဓာကိုယ်မှာ ဂလူးကို့(စ်)ထုတ်လုပ်မှုနည်းပါးတဲ့အခါ အသည်းကနေ ကီတုန်းကိုထုတ်ပေးပါတယ်။ အကယ်၍အသည်းကအားနည်းပြီး ကီတုန်းတွေကိုမထုတ်လုပ်နိုင်ဘူးဆိုရင်တောင်မှလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်ရဲ့ကျန်းမာရေးကိုကောင်းစေတယ်ဆိုပြီးတော့ သုတေသနပညာရှင်များက တွေ့ရှိထားတာဖြစ်ပါသည်။     

DOCA(ဧရာဝတီ)