Main menu

လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့စံပြပုံစံငယ်များအား 3D ပုံစံဖြင့် အတိကျဆုံးဖန်တီးနိုင်မည့် စီမံကိန်းကို ရုရှားသိပ္ပံပညာရှင်များစတင်

Powered by Drupal
Tue, 09/02/2025 - 18:21 -- consumer_admin

     လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့စံပြပုံစံငယ်များအား 3D ပုံစံဖြင့် အတိကျဆုံးဖန်တီးနိုင်မည့် စီမံကိန်းတစ်ရပ်ကို ရုရှားသိပ္ပံပညာရှင်များက စတင်လိုက်ပြီဖြစ်သည်။

      ရုရှားအာကာသနည်းပညာနှင့် ဝန်ဆောင်မှုစင်တာမှ ပညာရှင်များသည် အဆိုပါစီမံကိန်းကို အသုံးချသင်္ချာပညာ၊ M.V. Keldysh RAS သုတေသနစင်တာနှင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ဖော်ဆောင်မည်ဖြစ်သည်။

    သိပ္ပံပညာရှင်များသည် အဆိုပါစီမံကိန်းအား ပြည်တွင်းဖြစ်အဆင့်မြင့်နည်းပညာများ၊   ပလပ်ဇမာ ဒုံးပျံအင်ဂျင်များ၊ လမ်းကြောင်းပြစနစ်များ၊ ရုပ်သံကြည်လင်မှုရှိသော အလင်းနှင့် အီလက်ထရွန်နစ်စနစ်သုံးကင်မရာများ၊ 3D ပုံစံဖော်ထုတ်ရေးပရိုဂရမ်များအပြင် အခြားအဆင့်မြင့်နည်းပညာများအပေါ် အခြေခံ၍ အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

     ရုရှားပညာရှင်များက ဖော်ဆောင်မည့် အဆိုပါစီမံကိန်းသည် ရုရှားသိပ္ပံပညာရှင်များ၏ ကျွမ်းကျင်မှုကို ပိုမိုတိုးတက်စေသည့်အပြင် ပြည်တွင်းဖြစ် အာကာသနည်းပညာများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း တွန်းအားဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

    လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့စံပြပုံစံငယ်များအား 3D ပုံစံဖြင့် အတိကျဆုံးဖန်တီးနိုင်မည့်   စီမံကိန်းကိုဖော်ဆောင်ရာတွင် အသုံးပြုရန်လိုအပ်သည့် ဂြိုဟ်တုများကို ရုရှားအာကာသအဖွဲ့ ကြီးဖြစ်သည့် Roscosmos က အကူအညီပေးအပ်မည်ဖြစ်သည်

DOCA(ဧရာဝတီ)