Main menu

စက္ခုအာရုံကို ပြန်လည်ရရှိစေနိုင်သည့်  ချစ်ပြားတစ်ခုကို လူသားများ၏ဦးနှောက်အတွင်းသို့ ထည့်သွင်း ရန် Neuralink စီစဉ်

Powered by Drupal
Tue, 09/02/2025 - 18:20 -- consumer_admin

     ပျောက်ကွယ်နေသည့် စက္ခုအာရုံကို ပြန်လည်ရရှိစေနိုင်သည့် ချစ်ပြားတစ်ခုကို လူသားများ၏ ဦးနှောက်အတွင်းသို့လာမည့်နှစ်အတွင်း   ထည့်သွင်းပေးနိုင်ရန် အမေရိကန်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Neuralink က စီစဉ်လျက်ရှိသည်။

     အဆိုပါချစ်ပြားသည်   မွေးစကပင် မျက်စိအလင်းမရခဲ့သူများကိုပင် စက္ခုအာရုံပြန်လည်ရရှိ လာနိုင်စေမည်ဖြစ်သည်။

    ထို့ပြင် Neuralink ကုမ္ပဏီ၏ အဆိုပါချစ်ပြားသည် လူသားများ၏ တွေးခေါ်မှု၊ မှတ်ဉာဏ်နှင့် အာရုံခံမှုစသည့် လုပ်ဆောင်ချက်များကို   လုပ်ဆောင်ပေးနေသည့် ဦးနှောက်၏ ပြင်ပအလွှာနှင့် အပြန်အလှန်အကျိုးပြုနိုင်သည်ဟုဆိုသည်။

    Neuralinkကုမ္ပဏီအနေဖြင့် လူ့ဦးနှောက်အတွင်းသို့ ချစ်ပြားထည့်သွင်းပေးမည့်အစီအစဉ်ကိုတစ်နှစ်ကြာ လုပ်ဆောင်ရန်မျှော်မှန်းထားသည်။ ထို့ပြင် သိပ္ပံပညာရှင်များသည် ကျောရိုးထိခိုက် ပျက်စီးမှုကြောင့်   လမ်းမလျှောက်နိုင်သူများအတွက်လည်း အသုံးပြုနိုင်မည့် ချစ်ပြားများကို ထုတ်လုပ်နိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

    အဆိုပါကုမ္ပဏီသည် လူ့ဦးနှောက်အတွင်းသို့ အမြင်အာရုံပြန်လည်ရရှိစေမည့် ချစ်ပြားထည့်သွင်းရန်အတွက် ကုသမှုခံယူမည့် စေတနာ့ဝန်ထမ်းများကို ရှာဖွေမည်ဖြစ်ကြောင်း ယခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ကြေညာထားသည်။

DOCA(ဧရာဝတီ)