Main menu

ဆုံးရှုံးလိုက်ရတဲ့ ကိုယ်လက်အင်္ဂါများကို ပြန်ထွက်စေနိုင်မယ့်နည်းလမ်း ထွက်ပေါ်လာ

Powered by Drupal
Tue, 09/02/2025 - 18:18 -- consumer_admin

     လူသားတွေဖြစ်ဖြစ်၊ တိရစ္ဆာန်တွေဖြစ်ဖြစ် ကိုယ်လက်အင်္ဂါတွေကို ဖြတ်လိုက်ရခြင်း ဒါမှမဟုတ် ပြတ်တောက်သွားခြင်း တို့ကြောင့် ကြီးစွာသော ဆုံးရှုံးမှုများဖြစ်ရပါတယ်။ အဲဒီဆုံးရှုံးမှုဟာ ဘယ်လိုမှပြန်မရနိုင်တဲ့ ဆုံးရှုံးမှု ကြီးလည်းဖြစ်ပါသည်။

     အခုတော့ အဲဒီဆုံးရှုံးမှုဆိုတာကြီးက မရှိလာနိုင်တော့ပါဘူး။ အကြောင်းရင်းက သုတေသနပညာရှင်များဟာ မျိုးရိုးဗီဇ ပြောင်းလဲခြင်းအားဖြင့် ပျက်စီးဆုံးရှုံးသွားတဲ့ ကိုယ်လက်အင်္ဂါတွေကို ပြန်ပေါက်စေမယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိလိုက်လို့ပဲ ဖြစ်ပါသည်။

     တရုတ်နိုင်ငံ‌ ပေကျင်းမြို့ရှိ အမျိုးသား ဇီဝသိပ္ပံဌာနမှ သုတေသန ပညာရှင်များက ကြွက်တစ်ကောင်ရဲ့ ပျက်စီးသွားတဲ့ နားတစ်ဖက်ကို ပြန်ထွက်လာစေအောင် လုပ်ဆောင်နိုင်ခဲ့တာပါ။ ဒါကြောင့် ဆုံးရှုံးလိုက်ရတဲ့ ကိုယ်လက် အင်္ဂါတွေကို ပြန်ပေါက်စေ မယ့်နည်းလမ်းက  အမှန်တကယ်ရှိတယ် ဆိုတာကို သူတို့ကသက်သေပြနိုင်ခဲ့တာ တွေ့ရပါတယ်။သုတေသနပညာရှင်များက အရေးပါတဲ့ မော်လီကျူးတစ်ခုဖြစ်တဲ့ ရက်တီနိုးအစ် အက်စစ်ကို  အဓိက ပစ်မှတ်ထားပြီး လေ့လာမှု လုပ်ခဲ့တာပါ။ သူတို့ရဲ့လေ့လာချက်အရ အဲဒီ ရက်တီနိုးအစ်အက်စစ် ပြတ်လပ်မှုက ကြွက်ရဲ့နားကိုပြန်ပေါက်နိုင်ခြင်း မရှိစေဖို့ တားမြစ်ထားတယ် ဆိုတာကိုတွေ့ရှိရပါတယ်။ ရက်တီနိုးအစ်အက်စစ် ဆိုတာ ကလာပ်စည်းတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တစ်သျှူးတွေကိုပြုပြင်မှုအတွက်  အရေးပါတဲ့ မော်လီကျူး ဖြစ်ပါသည်။  

DOCA(ဧရာဝတီ)