Main menu

မရိုးပန်း

Powered by Drupal
Thu, 08/28/2025 - 15:28 -- consumer_admin

 

 

 

 

 

 

          မုရိုးပန်း(သို့) မရိုးပန်းပင်သည် နတ်ဗြဟ္မာများစောင့်ရှောက်သော မြန်မာ့ရိုးရာပန်းတစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြား နေရာဒေသမရွေး အလေ့ကျပေါက်ပင်တစ်မျိုးဖြစ်သည်။ မြစ် ချောင်းကမ်းပါးများ၊ သောင်ပြင်များတွင် ပေါက်ရောက်သော အပင်ငယ်တစ်မျိုးဖြစ်သည်။ မရိုးပင်မှ မရိုးသီးများရင့်မှည့်လာက ကွဲထွက်သွားပြီးမြောက်များစွာပါဝင်သော မရိုးစေ့များသည် လေနှင့်အတူလွင့်ပါသွားပြီး မျိုးစေ့ကျရာအပင်ပေါက်ပါသည်။ တကူးတကစိုက်ပျိုးရန်မလိုပဲ ရှင်သန်ဖြစ်ထွန်းပါသည်။မရိုးပင်ကတစ်ပင်လုံး အသုံးဝင်ပါသည်။ ရပ်ရွာဓလေ့အရ နွားနို့ခဲ ပြုလုပ်ရာတွင် မရိုးပင်မရိုးကိုင်းမှ အရွက်ကိုခြွေချပြီး ထွက်လာသော အစေးဖြူများကို ဒန်အိုးတွင်တို့ပေးထားပြီး နွားနို့များခဲလာပြီး နွားနို့ခဲကိုရပါသည်။ နှာခေါင်းရောဂါ၊ နှာပုတ်ကိုက် ခြင်းဖြစ်က မရိုးမြစ်ကိုသွေးလိမ်းကပျောက်ကင်းနိုင်သည်။ မွှေးကျွတ်နာကို မရိုးရွက်မီးကင်ပြီး အုံပေးကပျောက်ကင်းနိုင်သည်။ ဒူးနာ၊ ခါးနာအတွက်လည်း မရိုးရွက်မီးကင်ကပ်ပေးက သက်သာ စေနိုင်ပါသည်။ ဆူးစူးကလည်း ၎င်းနည်းအတိုင်းအုံပေးက ဆူးထွက်လာပြီး သက်သာစေပါသည်။ မရိုးပန်းပင်များကို ပန်းပင်အဖြစ်အလှစိုက်ပျိုးခြင်းမရှိပေ။ တောယာလယ်ခင်း လမ်းဘေးဝဲယာ နေရာတော်တော်များတွင် တွေ့မြင်နိုင်ပါသည်။ မရိုးပန်းကလေးများသည် အခိုင်လိုက် ပွင့်တက်ပြီး အပေါ်ယံအပွင့်ဖက်အကာများကို ချွေ၍အတွင်းဝတ်ဆံ ပန်းကလေးများ သီကုံးပြီး အလှူအတန်းလှည့်ရာ အမျိုးသမီးများ  ဆံထုံး တွင် သီကုံးပန်ဆင်ခဲ့ရာမှ မရိုးပန်း၏အလှကို ပေါ်လွင်စေခဲ့ပါသည်။ မရိုးပင်သည်ဆေးဖက်ဝင် အပင်ဖြစ်သလို မရိုးပန်းလေးတွေကလည်း ဂုဏ်တင့်စွာ ပန်ဆင်ထားလျှင် ပွဲလယ်တင့်သော ပန်းကလေးဖြစ်ပါသည်။ 

DOCA (မန္တလေး)