
မုန်လာဥနီသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကြောင်း၊ မုန်လာဥနီတွင် ဗီတာမင်A ပါဝင်၍ အမြင် အာရုံကောင်းကြောင်း၊ ဗီတာမင် C ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးဝင် ခြင်း ကို တိုက်ဖျက်ပေးပြီး အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးကြောင်း၊ မုန်လာဥနီ တွင်ပါဝင် သော အမျှင်ဓာတ်များက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း၊ သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကြောင်း၊ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်က အဆာခံနိုင် သဖြင့် ကိုယ်အလေးချိန်ထိန်းပေးကြောင်း၊ နေရောင်ဒဏ်ကြောင့် အရေပြားပျက်စီးမှုကို ကာကွယ် ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို နှေးစေကြောင်း၊ မျက်နှာနှင့်အရေပြားပေါ်တွင် လိမ်းပေးခြင်းဖြင့် အစိုဓာတ်ထိန်းပေးကြောင်း စာပေများမှ လေ့လာသိရှိရသည်။ မြင်းခြံမြို့သည် အပူပိုင်းဒေသဖြစ်သောကြောင့် မုန်လာဥနီစိုက်ပျိုးဖြစ်ထွန်းမှုမရှိကြောင်း၊ ဈေးကွက်ဝင်ရောက်မှုအနေဖြင့် ရှမ်းပြည်နယ်အောင်ပန်းမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ အေးမြသီတာဈေးတွင်ရောင်းချနေသော မုန်လာဥနီ ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ စားသုံးမှု အနေဖြင့် အစိမ်းစားခြင်း၊ သုပ်စားခြင်း၊ အသီးအနှံများနှင့်ရော၍ကြော်စားခြင်း၊ မုန်လာဥနီဖျော်ရည် စသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ၎င်းသည် အာဟာရဓာတ်ကြွယ်ဝသောကြောင့် ဈေးကွက် တွင် အရောင်း အဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)