Main menu

ပုသိမ်စပျစ်ဈေးကွက်တွင် ရာသီချိန်မဟုတ်၍ ဈေးနှုန်းမြင့်တက်၊ အဝယ်လိုက်

Powered by Drupal
Fri, 08/22/2025 - 13:47 -- consumer_admin

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့စပျစ်ဈေးကွက်တွင် လက်ရှိရာသီချိန်မဟုတ်သေးသောကြောင့် ပြည်တွင်းစပျစ်သီးများ ရှားပါးနေပြီး ဈေးနှုန်းမြင့်တက်နေကြောင်း စားသုံးသူများနှင့် ဈေးဆိုင်ပိုင်ရှင်များထံမှ သိရှိရပါသည်။ ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်မားသော်လည်း ဝယ်လိုအားကောင်းနေဆဲဟုဆိုသည်။   ပုံမှန်အားဖြင့် စပျစ်သီးပေါ်ချိန်သည် အောက်တိုဘာလမှ ဧပြီလအထိဖြစ်ပြီး၊ ယခုဇူလိုင်လသည်စပျစ်ရာသီ ပြင်ပဖြစ်သောကြောင့် ပြည်တွင်းစိုက် စပျစ်သီးများ ဈေးကွက်တွင် လက်ချိုးရေတွက်ရအောင်ရှာပါးနေသည်။   ဈေးကွက်အတွင်းသို့ ရောက်ရှိနေသောစပျစ်သီးအများစုမှာ အခြားဒေသများမှဖြစ်ပြီး အနီရောင်စပျစ်နှင့် အစိမ်းရောင်စပျစ်တို့ဖြစ်သည်။

     လက်ရှိပုသိမ်ဈေးကွက်တွင် စပျစ်သီးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ၁၄၀၀၀ကျပ်အထိ ပေါက်ဈေး ရှိနေသည်။   ဈေးနှုန်းမြင့်တက်နေသော်လည်း စပျစ်သီးကို ကြိုက်နှစ်သက်သူများနှင့် သစ်သီးဝလံစားသုံးမှု မြင့်တက်လာခြင်းကြောင့် အဝယ်လိုက်နေဆဲဖြစ်ကြောင်း ပုသိမ်မြို့မဈေးမှ သစ်သီးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါသည်။ စပျစ်စိုက်ပျိုးသည့်ဒေသများတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် အထွက်နှုန်းကျဆင်းခြင်းသည်လည်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်ရခြင်း၏အဓိကအကြောင်းအရင်းဖြစ်သည်ဟု စိုက်ပျိုးရေး ပညာရှင်များက သုံးသပ်သည်။

( DOCA ဧရာဝတီ)