Main menu

မြန့်မာ့ရိုးရာအထင်ကရ အစားအစာပုသိမ်ဟာလဝါ

Powered by Drupal
Fri, 08/22/2025 - 13:19 -- consumer_admin

     ပုသိမ်မြို့လို့ ပြောလိုက်တာနဲ့ လူအများစုပြေးမြင်ကြတာကတော့ မြို့ရဲ့နာမည်ကျော်အမှတ်အသားတစ်ခု ဖြစ်တဲ့ ပုသိမ်ဟာလဝါဖြစ်ပါသည်။ပုသိမ်ဟာလဝါဆိုတာနှစ်ပေါင်း(၉၀)နီးပါးတိုင်အောင်ရပ်တည်နေဆဲဖြစ်ပြီးပုသိမ်မြို့ကဒေသခံတွေအတွက်လည်း ဟာလဝါပြုလုပ်ရောင်းချတာက အဓိကစီးပွားရေးတစ်ခုလို့ တောင်းဆိုရမှာဖြစ်ပါတယ်။  

   ပုသိမ်ဟာလဝါဟာ ပုံမှန်ဟာလဝါတွေနဲ့မတူဘဲ ပိုမိုပျော့ပျောင်းပြီးစေးကပ်တဲ့အရသာရှိပါသည်။ ရိုးရာနည်းအတိုင်း လက်နဲ့မွှေနှောက်ချက်ပြုတ်ထားသောကြောင့် အရသာပိုမိုပြီးပြည့်စုံပြီး စက်နဲ့ပြုလုပ်ထားတာမျိုးထက် အရည်အသွေးပိုကောင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုသိမ်ဟာလဝါပြုလုပ်တဲ့လုပ်ငန်းက အချိန်ယူရပြီး လက်ဝင်ပါသည်။ ကောက်ညှင်းမှုန့်၊ရေ၊အုန်းနို့၊နွားနို့၊ဆား၊သကြား၊ကျိုထားတဲ့ကြံသကာရည်၊ ဆီ၊ထောပတ်၊ဘိန်းစေ့၊တို့ အဓိကပါဝင်ပါသည်။ ဆန်နဲ့ကောက်ညှင်းအထွက်ကောင်းတဲ့မြန်မာနိုင်ငံမှာ မုန့်ပဲသရေစာအများစုကို ကောက်ညှင်းကို အဓိကအသုံးပြုကြတာဖြစ်ပေမယ့်  ဒေသခံတွေရဲ့လက်ရာပေါ် မူတည်ပြီး အရသာတွေကတော့ ကွဲပြားကြပါသည်။ ပုသိမ်ဟာလဝါဟာ ဒေသခံတွေအပြင် ပြည်ပဧည့်သည်တွေ ကြားမှာပါနာမည်ကျော်ကြားပါသည်။ ပုသိမ်မြို့ကို ရောက်သူတိုင်းမဖြစ်မနေ ဝယ်ယူသွားတတ်တဲ့လက်ဆောင် ပစ္စည်းတစ်ခုလည်းဖြစ်ပါသည်။   ရန်ကုန်အပါအဝင် အခြားမြို့ကြီးများကိုပါ တင်ပို့ရောင်းချနေရသောကြောင့် ဝယ်လိုအားမြင့်မားပါသည်။   ခေတ်ကာလတွေ ဘယ်လောက်ပဲပြောင်းလဲလာပါစေ မြန့်မာ့ရိုးရာမုန့်ပဲသရေစာ ဟာလဝါကတော့ပုသိမ်မြို့ကြီးနှင့်အတူ ရပ်တည်နေမှာဖြစ်သလို ဒေသခံတွေကလည်း ပုသိမ်မြို့ရဲ့ဂုဏ်ဆောင် ဟာလဝါကိုလက်ဆင့်ကမ်း ထိန်းသိမ်းကြဖို့လိုအပ်ပါသည်။

( DOCA ဧရာဝတီ)