
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် ပရိဘောဂပစ္စည်းအရောင်းဆိုင်တစ်ခုထံမှ ဗီဒိုနှင့် မှန်တင်ခုံအား ငွေကျပ် (၁၅)သိန်းပေးချေ၍ မှာယူခဲ့ရာ သတ်မှတ်ချိန်အတွင်း ပစ္စည်းအပ် နှံနိုင်ခြင်းမရှိသည့်အပြင် ငွေပြန်အမ်းခြင်းလည်းမရှိသောကြောင့် စားသုံး သူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက် သွယ်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ပရိဘောဂပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ ပရိဘောဂပစ္စည်း အရောင်းဆိုင်မှတာဝန်ရှိသူသည် ၃၀-၃-၂၀၂၅ ရက်နေ့ ငွေကျပ်(၅)သိန်းအား လည်းကောင်း၊ ၁၀-၅-၂၀၂၅ ရက်နေ့တွင် ငွေကျပ်(၅)သိန်းအားလည်းကောင်း၊ စုစုပေါင်းငွေကျပ်(၁၀) သိန်းအား တိုင်ကြားသူထံ Kpay ဖြင့် လွှဲပြောင်းပေးပို့ပြီးဖြစ်သော်လည်း ကျန်ငွေကျပ်(၅)သိန်းအား ပေးအပ်ခြင်းမရှိသောကြောင့် ၄-၇-၂၀၂၅ ရက်နေ့တွင် ဌာနမှတာဝန်ရှိသူများသည် ပရိဘောဂပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူနှင့် တိုင်ကြားသူ နှစ်ဦးနှစ်ဖက်တို့အား ဌာနသို့ခေါ်ယူ၍ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပေးခဲ့ရာ ပရိဘောဂပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူသည် ပေးရန်ကျန်ရှိသည့် ငွေကျပ် (၅) သိန်းအနက် ငွေကျပ် (၃) သိန်းအား ဌာနမှတာဝန်ရှိသူများရှေ့မှောက်တွင် K pay ဖြင့် လွှဲပြောင်း ပေးပို့ခဲ့ပြီး ကျန်ငွေကျပ် (၂)သိန်းအား ၆-၇-၂၀၂၅ ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သဘော တူညီချက်ပုံစံတွင် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးခဲ့ပြီး ထိုသဘောတူညီချက်အရ ၇-၇-၂၀၂၅ ရက် နေ့တွင် တိုင်ကြားသူသည် ဌာနသို့ဆက်သွယ်၍ ငွေကျပ်(၂)သိန်းအား လက်ခံရရှိပါကြောင်း ပြော ကြာလာပါသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။