Main menu

Tablet ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ်ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေတိုင်ကြားသူတစ်ဦး သည် Mobile Page တစ်ခု၏ Chat Box မှတစ်ဆင့် IPS LCD, 1B Colours, 120 Hz, HDR10, Dolby Vision, Tablet တစ်လုံး တန်ဖိုးငွေကျပ် ၃၅၀,၀၀ဝ/-အားငွေပေးချေမှာယူခဲ့ရာ အရောင်း ဆိုင်က မြန်မာနိုင်ငံအနှံ့ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းဖြင့် ပို့ ဆောင်ပေးမည်ဖြစ်ပြီး ပစ္စည်းအား ဖွင့်ဖောက်စစ်ဆေးပြီးမှ ငွေလွှဲပေးရန်ပြောကြားသဖြင့် လွှဲပေးခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအနှံ့ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းမှ ပေးပို့လာသည့် ပြေစာပါ ကားဂိတ်သို့ သွားရောက်မေးမြန်းခဲ့ရာ ပစ္စည်းရောက်ရှိလာမှု မရှိကြောင်းသိရှိရ၍ ဖုန်းဆက်မေးမြန်းခဲ့ရာ Mobile ဆိုင်ကမှာယူသည့်ပစ္စည်းနှင့် တန်ဖိုးကိုက်ညီမှုမရှိသဖြင့် ပို့ဆောင်ပေးမှုအား ဆိုင်းငံ့ထားရန် မှာကြား ထားကြောင်း၊ ရောင်းသူဝယ်သူညှိနှိုင်း၍ အဆင်ပြေလျှင်ပစ္စည်းအား ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသဖြင့် Mobile အရောင်းဆိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ ပစ္စည်းတန်ဖိုးမှာငွေကျပ် ၃၅၀,၀၀ဝ/-မှ ၆၂၀,၀၀ဝ/- သို့ဈေးနှုန်း မြင့်တက်သွားပြီဖြစ်၍ လိုအပ်ငွေကျပ် ၂၇၀,၀၀ဝ/- ကျသင့် သည့်အပေါ် ၂၀,၀၀ဝ/-ကျပ် ဈေးလျော့ပေးမည်ဖြစ်ပြီး ငွေကျပ် ၂၅၀,၀၀ဝ/- ထပ်မံပေးပို့ရမည် ဖြစ်ကြောင်း ပြောကြားလာသည့်အတွက် လိုအပ်ငွေအား Tablet ရောက်ရှိချိန်တွင် ပေးချေမည်ဖြစ် ကြောင်း ပြောကြားခဲ့ရာ လက်ခံမှုမရှိ၍ ပေးချေထားသည့် ငွေကျပ် ၃၅၀,၀၀ဝ/-ကို ပြန် လည်ပေးစေ လိုကြောင်း ထပ်မံပြောကြားရာတွင်လည်း လုပ်ငန်းသဘောအရ အဆင်မပြေကြောင်း ပြောကြား သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင် ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက စိစစ်ရာ တွင်  တိုင်ကြားခံရသည့် Mobile ဆိုင်နှင့် မြန်မာနိုင်ငံအနှံ့ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းတို့၏ လိပ်စာ များမှာ ရန်ကုန်မြို့လိပ်စာများဖြစ်နေသဖြင့် မြေပြင်တွင်အမှန်တကယ် ရှိ/မရှိ စုံစမ်းစစ်ဆေးပေးနိုင် ပါရန် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ညှိနှိုင်းအကြောင်းကြားဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကွင်းဆင်းစစ်ဆေး  တွေ့ရှိချက်အရ တိုင်ကြားခံရသည့်ဆိုင်မှာ လိပ်စာပါမြေပြင်တွင် ဖွင့်လှစ်ထားမှုမရှိကြောင်းနှင့် Mobile ဆိုင်မှ တာဝန် ရှိသူအားလည်း ၂၀--၂၀၂၅ ရက်နေ့တွင်ငွေပြန်လည်လွှဲပေးရန် အကြောင်းကြားပေးပို့ထားကြောင်း၊ ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းမှာလည်း မြေပြင်တွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အကြောင်းပြန်ကြားလာပါသည်။ မကွေးတိုင်းဒေသကြီးမှ တာဝန်ရှိသူများ က Mobile ဆိုင်၏ ဖုန်းသို့ဆက်သွယ်၍ Tablet ဖိုးငွေအား ၂၀--၂၀၂၅ ရက်နေ့တွင် ပြန်လည်အမ်း ပေးမည်ဟု ပြောကြားထားမှုအပေါ် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါက မိမိဆိုင်၏အမည်၊ ဂုဏ်သိက္ခာသည် အရေးကြီးကြောင်း၊ တာဝန်ယူ မှု/တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးလိုကြောင်း၊ အွန်လိုင်းဖြင့် ရောင်းချမည်ဆိုပါကလည်း အွန်လိုင်းမှတ်ပုံတင်ခြင်းများ ဆောင်ရွက်ထားရန်လိုကြောင်း၊ မှတ်ပုံတင်ဆောင်ရွက်ထားခြင်းမရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်းပြော ကြားခဲ့ရာ တိုင်ကြားခံရသည့် Mobile ဆိုင်မန်နေဂျာက ၅--၂၀၂၅ ရက်နေ့တွင် Tablet ဖိုးငွေကို ပြန် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၆--၂၀၂၅ ရက်နေ့တွင် တိုင်ကြားသူသို့ ငွေကျပ် ၃၅၀,၀၀၀/-ကို Kpay ဖြင့်လွှဲပေးခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။