Main menu

မြန်မာ့ထောပတ်သီးတောင်သူစုပေါင်းကာ ဈေးကွက်အဖြေရှာ

Powered by Drupal
Wed, 08/06/2025 - 13:26 -- consumer_admin

မြန်မာနိုင်ငံ၏သင့်တင့်မျှတသော ရာသီဥတုနှင့်ရှမ်းပြည်နယ်၏ရေခံမြေခံကောင်းမွန် မှုကြောင့် နှစ်ရှည်သီးပင်များတွင် မြန်မာထောပတ်သီးသည်ဈေးကွက်ဝေစုတစထက်တစတိုး တက်လာသည်။ ထောပတ်တောင်သူများသည်လည်းအပင်သက်တမ်း (၅) နှစ်မှစ၍ဝင်ငွေရရှိ နိုင်သောသီးနှံဖြစ်ပါသည်။ ထောပတ်သီးကိုစံချိန်မှီအရည်အသွေးပြည့်ဝစေဖို့၊ ပြည်ပပို့ကုန်အ ဖြစ်ရည်ရှည်ဈေးကွက်ခိုင်မာစေဖို့၊ ဈေးကွက်ဝေစုဖြန့်ကျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံထော ပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MAVO နှင့်မြန်မာ့ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့တို့ပူးပေါင်း၍ ၁၉-၇-၂၀၂၅ ရက်နေ့တွင် ကမ္ဘောဇကုန်သွယ်မှုမြှင့်တင်ရေးခန်းမ၊ တောင်ကြီးမြို့တွင်တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရပါသည်။

          ဆွေးနွေးပွဲတွင် အပင်အတွက်လိုအပ်သောအစာအကြောင်းအပင်အတွက်လိုအပ်သော အာဟာရများအကြောင်းကို အစာနှင့်အာဟာရအကြောင်းခွဲခြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့အပြင်သွင်းအားစုတခုတွင်ပါဝင်သည့်အချိုးအစားများ၊ ဓာတ်ဂုဏ်သတ္တိများနှင့် အကျိုးပြု ပုံများရှင်းလင်းဆွေးနွေးသည်မှာ တောင်သူများမှတ်သားလိုက်နာဖွယ်ဖြစ်ပါသည်။ ထို့အ တွက်တောင်သူများ ကုန်ကျမှုနည်းနည်းနှင့်အကျိုးရှိအောင်စိစစ်ခန့်ခွဲနိုင်မည်ဖြစ်ပေသည်။ ထို့နောက်ထောပတ်သီး အထွက်နှုန်းကောင်းစေရန် နှင့် အပင်ကျန်းမာ၍ ခူးဆွတ်သက်တမ်း ကြာမြင့်စေရန်ကိုင်းကူးကိုင်းဆက်ခြင်း လုပ်ဆောင်ရာတွင်ဆောင်ရန်၊ ရှောင်ရန်များ၊ ထော ပတ်သီးထုတ်လုပ်တင်ပို့ရာတွင်ပျက်စီးဆုံးရှုံးမှု၊ မလိုလားအပ်သည့် အလေအလွင့်များနည်းပါး စေရေး၊ တောင်သူအကျိုးစီးပွားကိုရှေးရှု့၍အရည်အသွေးမြင့်သီးနှံများတင်ပို့ရာတွင် တဖက် စီးပွားဖက်တရုတ်နိုင်ငံ၏ကုန်သွယ်မှုဆိုင်ရာ GACC စည်းမျဉ်းစည်းကမ်းများ၊ ကန့်သတ်ချက် များလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များနှင့် ထောပတ်သီးနှင့်ပတ်သက်သည့် စံချိန်စံညွှန်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

          မြန်မာထောပတ်သီးသည် အရည်အသွေးကောင်းမွန်ပြီး၊ ထုတ်လုပ်မှုနည်းစဉ်များတိုး တက်လာခြင်း၊ ဈေးကွက်လိုအပ်ချက်ပြည့်မီစေရန်တောင်သူအချင်းချင်း အကျိုးတူပူးပေါင်း ဆောင်ရွက်လိုခြင်းစရိုက်လက္ခဏာများတွေ့ရှိနေကြပြီးဖြစ်သည့်အတွက် မြန်မာ့ထောပတ် သီးတောင်သူများစုပေါင်းကာ ဈေးကွက်တိုးချဲ့ရှာဖွေနိုင်တော့မည်ဖြစ်ကြောင်းရေးသားတင် ပြအပ်ပါသည်။ 

DOCA (ရှမ်း)

 

DOCA (ရှမ်း)