Main menu

စပျစ်စိမ်းစိမ်းသီးစားသုံးခြင်း၏ ကောင်းကျိုးများ

Powered by Drupal
Fri, 07/25/2025 - 16:15 -- consumer_admin

  စပျစ်သီး ဟုဆိုလျှင် ခရမ်းရောင်သီးလေးများကိုပဲ ပြေးမြင်မိမှာ အမှန်ဖြစ်ပါသည်။ စပျစ်တွင် ခရမ်းရောင်၊ အစိမ်းရောင် နှင့် အနီရောင် အမျိုးမျိုးရှိသည့်အထဲ စပျစ်စိမ်းစိမ်းသီးလေးများသည်လည်း ကျန်းမာရေးကိုများစွာ အထောက်အကူပြုစေပါသည်။ စပျစ်စိမ်းစိမ်းသီးလေးများမှာ စား၍ အလွန်ချို ပါသည်။ စပျစ်သီးစိမ်းစိမ်းလေးများ စာပေးခြင်းမှ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေရန် အကောင်းဆုံးအထောက်အပံ့ ပေးစေပါသည်။ 

     ထို့ပြင် စပျစ်စိမ်းစိမ်းလေးများသည်လည်း နှလုံးရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင် သည့်အပြင် ရောင်ရမ်းမှုများကိုလည်း သက်သာစေနိုင်သော အာနိသင်နှင့် ဓါတ်တိုးဆန့်ကျင် အာနိသင်များ ပါဝင်သောကြောင့် ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာ အစရှိသောကင်ဆာ ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သို့သော် စပျစ်သီးစိမ်းစိမ်းလေးများကို ဆီးချိုသမားများ အနေဖြင့် ဆရာဝန်နှင့် တိုင်ပင်၍သာ စားသင့်ပါသည်။ 

      စပျစ်စိမ်းစိမ်းသီးများဈေးနှုန်းအနေဖြင့်   တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ် မှ ၃၅၀၀၀ ကျပ်အထိ ရောင်းချကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)