Main menu

ခရမ်းကြွပ်သီးအကြောင်း

Powered by Drupal
Fri, 07/25/2025 - 15:41 -- consumer_admin

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို  လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ ဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ခရမ်းကြွပ်သီးကို မိသားစုတစ်ပိုင်တစ်နိုင် အနေဖြင့်လည်ကောင်း၊ စီးပွားဖြစ်လည်ကောင်း စိုက်ပျိုးကြသည်။ ခရမ်းကြွပ်သီးကို ဧပြီလတွင် စတင်စိုက်ပျိုးကြ ပြီး မျိုးအနေဖြင့် အပင်တစ်ရာလျှင် (၂၀၀၀)ကျပ်ရှိကြောင်း၊ အပင်စိုက်ပျိုးပြီး (၂)လအကြာတွင် စတင်ခူးဆွတ်ရ ကြောင်း၊ (၃)ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး အသီးကုန်ချိန်အထိ (၅)လခန့်အကြာ ခူးဆွတ်ရကြောင်း သိရှိရပါ သည်။ နတ်တလင်းမြု့ပေါ်ရှိကုန်စိမ်းဒိုင်များသို့ ရောင်းချကြောင်း သိရှိရပါသည်။ နတ်တလင်းမြို့ရှိကုန်စိမ်းများကို ရန်ကုန်မြို့ တင်ပို့ရကြောင်းသိရှိရပါသည်။ ခရမ်းသီးကြွပ်သီးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ် ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)