
ခွေးလှေးယားသီးအနက်စေ့သည် ကျန်းမာရေးအတွက် အသုံးဝင်သောကြောင့် လူတိုင်းတိုင်းလိုလို သိရှိပြီးသားဖြစ်ပါသည်။ ခွေးလှေးယားသီးအနက်စေ့ကို စားသုံးပေးခြင်းဖြင့် သွေးဖိအားကိုထိန်းချုပ်ပေး နိုင်စွမ်းရှိ၍ သွေးတိုးရောဂါသမားများ စားသုံးပေးသင့်ပါသည်။ ခွေးလှေးယားသီးအနက်စေ့က ဆီးချိုကို ဖြစ်စေတက်သော ဟော်မုန်းကို ထိမ်းချုပ်ပေးသောကြောင့် ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်သဖြင့် ဆီးချိုသမားများ စားသုံးပေးသင့်ပါသည်။ ခွေးလှေးယားသီးအနက်စေ့တွင် ဖော့လစ်အက်ဆစ် ပြည့်ပြည့်ဝဝ ပါဝင်သောကြောင့် သွေးအားကိုကောင်းမွန်စေပြီး သွေးအားကိုပြည့်စေပါသည်။ သွေးအားနည်းခြင်းကြောင့် ဖြစ်စေသော မူးဝေခြင်း ၊ဖြူဖပ်ဖြူရော်ဖြစ်လျှင် ခွေးလှေးယားသီးအနက်စေ့ကို စားသုံးသင့်ပါသည်။ ခွေးလှေးယားသီးအနက်စေ့သည် အိပ်မပျော်သူနှင့် အိပ်ပျေိာ်ဖို့ခတ်နေသူများအတွက် ညအိပ်ယာမဝင်မှီ စားသုံးပေးခြင်းဖြင့် ကောင်းမွန်စွာအိပ်ပျော်နိုင်စေ၍ အိပ်စက်ခြင်းကို များစွာအထောက်အကူပြုပါသည်။ ခွေးလှေးယားသီးအနက်စေ့သည် အဆိပ်အတောက်များကိုလည်း ပြေပျောက်စေနိုင်ပါသည်။ ခွေးလှေးယားသီးအနက်စေ့ကို ကိုယ်ဝန်ဆောင်နို့တိုက်မိခင်၊ ကလေးသူငယ်များသည် ဆရာဝန်ညွှန် ကြားချက်ရှိမှသာ စားသုံးသင့်ပါသည်။ ခွေလှေးယားသီးအနက်စေ့ကို တစ်ခါစားလျှင် အများဆုံး ၁၅ စေ့သာစားသုံးသင့်ပါသည်။ ကျန်းမာရေးကောင်းကျိုးပေးသည့်ဆိုကာ အလွန်အကျွံမစားသုံးသင့်ပါ။ ခွေးလှေးယားသီးအနက်စေ့သည် ကျန်းမာရေးအတွက်ကောင်းကျိုးပြုသလို အလွန်အကျွံ စားသုံးလျှင်ဘေးဥပတ်အန္တရာယ်ဖြစ်စေတက်ပါသည်။ထိုကြောင့်အလွန်အကျွံမစားသုံးသင့်ကြောင်းအသိပေးအပ်ပါသည်။
DOCA(ပဲခူး)