Main menu

ဆေးဖက်ဝင်သံပုရာကောင်းကျိုး

Powered by Drupal
Fri, 07/25/2025 - 15:04 -- consumer_admin

မြန်မာ့ရိုးရာ အစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေ စားလေ့ရှိကြတဲ့အခါ သံပရာသီးနဲ့မန်ကျည်းသီးကို သုံးကြပါတယ်။ သံပရာသီးကမွှေးတာကြောင့်   အနံ့အသက်ကိုလည်း ထိန်း ပါတယ်။ အအီစာတွေစားပြီးတဲ့အခါဒါမှမဟုတ်ခေါင်းမူးတဲ့အခါသံပရာရေကို ဖျော်သောက် လိုက် ရင်ကြည်လင်းလန်းဆန်းစေနိုင်စွမ်း ရှိပါတယ်။ ခရီးသွားရင်တောင်မှ သံပရာသီးလေး အိတ်ထဲ     ဆောင်သွားရင်ပဲ ရှူဆေးဘူးမလိုတော့ပါ။ ကားမူးလျှင်လည်းရှူနိုင်ပါသည်။

          သံပရာသီးဟာ ဗီတာမင် စီ အရမ်းကိုကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်ပါတယ်။ သူ့မှာ အမျှင်ဓါတ်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေကြွယ်ဝစွာပါရှိတဲ့အပြင်အခွံမှာလည်းpolyphenol (ပိုလီဖီနော်လ်) နဲ့terpene (တာပန်း) တို့လိုphytochemical(ဖိုင်တိုကမ်မီကယ်လ်) ဓါတ်တွေပါဝင်ပါတယ်။

          သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ ကတော့ သံပရာသီးကဗီတာမင်စီ ချို့တဲ့မှု ကြောင့်ဖြစ်ရတဲ့scurvy(စကာဗီ) လို့ခေါ်တဲ့ရောဂါကို ကုသနိုင်ပါတယ်။ ဒီရောဂါရှိနေရင် သာမန်အအေးမိဝေဒနာတွေ၊ မကြာခဏဖျားနာတာတွေ ကြုံနေရသလို နှုတ်ခမ်းကွဲတာ၊ ကျီးကန်းပါးစပ်အနာ၊ လျှာနဲ့ခံတွင်းထဲမှာ အနာလေးတွေဖြစ်တာတွေ ရှိလာတတ်ပါတယ်။ သွားဖုံးတွေရောင်နေတာ၊သွေးယိုတာတွေ မကြာခဏဖြစ်တတ်ရင်လည်း ဆရာဝန်ပြပြီး စစ်ဆေး ကြည့်သင့်ပါတယ်။

          သံပရာသီးက ခံတွင်းမှာ တံထွေးပိုထွက်စေနိုင်တဲ့ အတွက် အစာချေဖျက်မှုကို အထောက် အကူပေးပါတယ်။ သံပရာရဲ့ သဘာဝအက်စစ်ဓါတ်နဲ့ flavonoids (ဖလဖ်ဗိုနွိက်စ်) ဓါတ် တွေကြောင့်အစာခြေစနစ်ကို နှိုးဆွပေးပြီး အစာခြေရည်နဲ့အက်စစ်တွေပိုထွက်စေပါတယ်။ ဒါ့ကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ထမင်းစားတိုင်း သံပရာသီးသနပ်ပါဝင်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

             သံပရာသီးတစ်လုံးထည့်နှပ်ထားတဲ့  ရေနွေးတစ်ခွက်ဟာ  ကိုယ်အလေးချိန်လျှော့ချရာမှာ   အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သလိုခေါင်းကြည်လန်းဆန်းစေတဲ့ဖျော်ရည်တစ်မျိုးလည်းဖြစ်ပါတယ်။တစ်နေ့နှစ်ခွက်သောက်ရုံနဲ့ တစ်ပတ်အတွင်း သိသာတဲ့ရလဒ်ကိုရရှိနိုင်တယ်လို့ဆိုကြ ပါ တယ်။

          သံပရာသီးမှာပါတဲ့အက်စစ်ဓါတ်က အစာခြေလမ်းကြောင်းကို သန့်ရှင်းစေဖို့ အထောက် အကူပေးတဲ့အပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့ကြောင့် သံပရာရည်ထဲ ဆားခတ်ပြီးများများသောက်ချရင် သဘာဝဝမ်းနုတ်ဆေးအဖြစ်သုံးတာတွေလည်း ရှိပါတယ်။

          သံပရာသီးအပါအဝင် အချဉ်သီးတွေဟာ ဆီးချိုသွေးချိုဝေဒနာရှင်တွေအတွက် အရမ်း သင့်တော်တဲ့အသီးအနှံဖြစ်တယ်လို့ အမေရိကန်ဆီးချိုသွေးချိုဆိုင်ရာအဖွဲ့ကြီးက ဆိုပါတယ်။ အမျှင်ဓါတ်ပါဝင်မှုများလို့ ခန္ဓါကိုယ်ရဲ့သကြားဓါတ်စုပ်ယူမှုကို ထိန်းညှိပေးပြီးသွေးတွင်း သကြား ဓါတ် အတက်အကျအန္တရာယ်အဆင့်မရောက်စေဖို့ကာကွယ်ပေးပါတယ်။

            သွေးတွင်းသကြားဓါတ်ကို  ထိန်းညှိနိုင်တယ်ဆိုတဲ့  အမျှင်ဓါတ်ကြောင့်  သွေးဖိအားကို လည်းကျစေပြီးကိုလက်စထရောတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင်သွေးကြော ရောင်ရမ်း မှုတွေကို လျော့ပါးစေတာကြောင့် နှလုံးရောဂါ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက် ရပ်ဆိုင်းခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

            အဆစ်နာဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေထဲက တစ်ခုက ခန္ဓါကိုယ်ထဲမှာ ယူရစ်အက်စစ် တွေများနေလို့ဖြစ်ပါတယ်။ ယူရစ်အက်စစ်ဆိုတာ ခန္ဓါကိုယ်ထဲကနေ ဆီးနဲ့အတူစွန့်ထုတ် ဖယ်ရှားသင့်တဲ့ အရာတွေထဲ ပါဝင်ပါတယ်။ သံပရာသီးရဲ့ဆစ်ထရစ်အက်စစ် က ယူရစ်အက်စစ် တွေပျော်ဝင်နိုင်တဲ့ ပျော်ရည် တစ်မျိုးဖြစ်ပြီး ယူရစ်အက်စစ်တွေကို ဆီးနဲ့အတူ ပိုစွန့် ထုတ် နိုင်စေပါတယ်။ဗီတာမင် စီ ကြောင့် မျက်စိအမြင်အာရုံကို ရင့်ရော်ခြင်းလက္ခဏာတွေနဲ့ မှုန်ဝါး ခြင်းတို့အတွက် ကာကွယ်ပေးနိုင်ပါတယ်။

          ဒါ့ကြောင့်သံပုရာသီးသည် အလွန်အစွမ်းထက်သည့် ဆေးဖတ်ဝင် အသီးတစ်မျိုးဖြစ်သည့် အတွက် အိမ်တိုင်းမရှိမဖြစ်ဆောင်ထားသင့်ပါသည်။

DOCA(ပဲခူး)