Main menu

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ

Powered by Drupal
Fri, 07/25/2025 - 14:27 -- consumer_admin

    နာနတ်သီးသည် လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးကိုအပူပိုင်းဒေသ တွေမှာ ပိုမိုရရှိနိုင်ပါသည်။ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကင်ညာ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နှင့့် မြန်မာနိုင်ငံမှာစားသုံးမှုပိုမိုများပြားပါသည်။နာနတ်သီးကို ဖျော်ရည်အနေဖြင့်လည်းသောက်သုံး ကြသည်။ နာနတ်သီးဖျော်ရည်ကို ဆေးဖက်ဝင် ဖျော်ရည်အနေဖြင့်ပါ သုံးစွဲနိုင်ပါသည်။ နာနတ်သီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေပါသည်။ အစာချေဖျက်မှုကို အားကောင်း စေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်းနှင့် ကင်ဆာ ရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း စသည့့်အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ နာနတ်သီး ဖျော်ရည်၏ အကျိုးကျေးဇူးများမှာ အာဟာရဓာတ်ကြွယ်ဝခြင်းအခြားအကျိုးပြုဓာတ် ပစ္စည်းများ ပါဝင်ခြင်း၊ ရောင်ရမ်းမှုကို ကျစေခြင်း၊ကိုယ်ခံစွမ်းအားမြင့်စေခြင်း၊ အစာခြေရာတွင် ကူညီခြင်း နှလုံးကျန်းမာရေးကို ကောင်းစေခြင်းတို့ ဖြစ်သည်။ကယ်လိုရီ။ အာဟာရဓာတ် ကြွယ်ဝခြင်းမှာ ပရိုတိန်း၊ အဆီဓာတ်၊ကာဘိုဟိုက်ဒရိတ်၊ သကြား၊ အမျှင်ဓာတ်၊ မဂ္ဂနိစ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ ဗီတာမင် B6၊ ဗီတာမင်(စီ)၊ သိုင်ယာမင်း၊ ဖောလိတ်၊ ပိုတက်ဆီ ယမ်များပါဝင်ပါသည်။အာဟာရဓာတ်များက အရိုးများကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံ စွမ်းအား မြင့်မားစေခြင်း၊ အနာကျက်မြန်စေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ တစ်သျှူးများ ဖွဲ့စည်းဖြစ်ပေါ်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပါသည်။အကျိုးပြုဓာတ်ပစ္စည်းများမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များပါဝင်ပါသည်။ နာနတ်သီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်သည်။ အကျိုးပြုဓာတ်ပစ္စည်းများက ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဖိစီးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်သော စားသောက်မှုပုံစံ စတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ free radical လို့ခေါ်တဲ့ ဓာတ်ပစ္စည်းများကို ဓာတ်ပြယ်အောင် စွမ်းဆောင်ပေးပါသည်။ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းအုပ်စု ပါဝင်သည်။အင်ဇိုင်းက ရောင်ရမ်းမှုကို ကျစေခြင်း၊ အစာချေဖျက်မှု ကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်စေခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေပါသည်။ ရောင်ရမ်းမှုကို ကျစေခြင်းကဘရိုမီလိန်းဟာ ထိခိုက်မိခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေကြောင့် ရရှိလာသော ရောင်ရမ်းမှုကို ကျစေခြင်း၊ အနာများ မီးလောင်ဒဏ်ရာများကို ကျက်စေခြင်း တို့ဖြစ်ပါသည်။အားကစားပြုလုပ်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ လေးဘက်နာ အဆစ်ရောင်ခြင်း၊ အရိုးအဆစ်ရောင်ခြင်းအတွက်လည်း အကျိုးပြုပါသည်။ ကိုယ်ခံစွမ်းအား မြင့်စေခြင်းကနာနတ်သီးမှာ ဘရိုမီလိန်းဓာတ်က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါသည်။ အဆုတ်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်လေပြွန်ရောင်ခြင်းများကို လျင်မြန်စွာ သက်သာ စေပါသည်။ အစာခြေရာတွင် ကူညီခြင်းမှာ ပန်ခရိယမကောင်းလို့ အစာချေဖျက်တဲ့ အင်ဇိုင်း ကောင်းကောင်းမထုတ်နိုင်သူတွေတွက် ဘရိုမီလိန်း အင်ဇိုင်းများက အစာချေဖျက်ရာမှာ အထောက်အကူပြုသည်။အူမှာအနာဖြစ်ပြီး ရောင်ရမ်းသူများလည်း ရောင်ရမ်းမှုလျော့ကျ စေပါသည်။နှလုံးကျန်းမာရေးကို ကောင်းစေခြင်းမှာ နာနတ်သီးဖျော်ရည်ရှိ ဘရိုမီလိန်းဓာတ်ဟာ နှလုံးကျန်းမာရေးအတွက်လည်းကောင်းစေပါသည်။ သွေးပေါင်ချိန်ကိုကျစေပြီး သွေးခဲခြင်းများ လည်းကာကွယ်ပေးနိုင်သည်။ နှလုံးကြွက်သားများ သွေးကောင်းကောင်းမရလို့ ရင်ဘတ်အောင့် ခြင်းကိုလည်း လျော့ကျစေပါသည်။

DOCA(မန္တလေး)