Main menu

“ကင်းပုံသီးစားသုံးခြင်း၏အကျိုးကျေးဇူး”

Powered by Drupal
Fri, 07/25/2025 - 14:01 -- consumer_admin

    ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကင်းပုံသီးအပင်သည် နေရာအနှံအပြားမှာ သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုးခြင်းဖြင့်သော် လည်းကောင်းပေါက်ရောက်ကြပါသည်။ ကင်းပုံပင်သည်များသောအားဖြင့် အလေ့ကျပေါက် ရောက်လေ့ရှိပြီး အိမ်ခြံစည်းရိုးနှင့်တောတောင်များ၏ ခြုံနွယ်ဘုတ်များတွင် နွယ်တက်ပြီး ပေါက်ရောက်လေ့ရှိပါသည်။ ကင်းပုံသီးပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး အသီးသည်ရှည် မျှောမျှော ပုံစံဖြစ်ပါသည်။ ကင်းပုံသီးသည်အချို၊အခါးဟူ၍(၂)မျိုးရှိပါသည်။ ကင်းပုံသီးအခါး သည်ဆေးဖော်သောနေရာတွင် အသုံးဝင်ပြီး အရွက်၊ အမြစ်များမှာလည်း ဆေးဘက်ဝင် ကြောင်း ၊ ကင်းပုံသီးအချိုကိုများသောအားဖြင့် ဈေးသည်တိုင်းလိုလို ရောင်းချကြပါသည် ။ ကင်းပုံသီး အချိုနှင့်အခါးကို အမျိုးမျိုးလုပ်စားနိုင်ပါကြောင်း၊ ကင်းပုံသီးကို ပုဇွန်ခြောက်နှင့် ရော၍ချက်သလို မျှစ်ဖြင့်လည်းကြော်စားရကြောင်း၊ နွားနို့နှင့်လည်းချက်စားရပါကြောင်း၊  ကင်းပုံသီးပင်၏အရွက်များမှာလည်း ကြော်ချက်၍ရသလို ဟင်းချိုရေချက်ရာတွင်လည်း စားသုံးလို့ရပါကြောင်း၊ ကင်းပုံသီးကိုစားသုံးခြင်းဖြင့် ဆီချို၊ နှလုံးကျန်းမာရေး၊ ပန်းနာ ရင်ကျပ်၊ ဆီးပူညောင်းကျရောဂါ၊ ကင်ဆာ‌ရောဂါများကို ကာကွယ်ပေးခြင်းစသည့် ရောဂါ များအတွက် ကောင်းမွန်ကြောင်း မြန်မာဆေးကျမ်းစာအုပ်များမှ ဖတ်ရှု့ရပါသည်။ ဈေးများ အတွင်းတွင် ကင်းပုံသီး အချို/အခါး(၁)ပိဿာလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)